တစ်ခါတလေ
ငေးမိငေးရာ ဟိုးအဝေး
တောင်တန်းဆွေးဆွေး လွမ်းစေတီ
ဆုတောင်းတွေ ပြယ်လွင့်ေ၀၀ါးရာ
ကမ်းလက်လှမ်းမမီ တိမ်ညိုတွေပြိုဆင်းရာ
ရောက်တတ်ရာရာ . . .
ငယ်ဘ၀အိပ်မက်တွေ ငွေ့ရည်ဖွဲ့မရတဲ့အကြောင်း
ချစ်သူပြောတဲ့ ပေါင်းစပ်မရတဲ့ ဘ၀တွေအကြောင်း
အမေပြောတဲ့ အောင်မြင်ရေးနီတိများအကြောင်း
အဖေပြောတဲ့ သံသရာကို တစ်ဖက်ကမ်းခတ်သွားသူများအကြောင်း
ကဗျာရေးတာ အပြစ်ကြီးတယ်လို့ ပြောတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း
တွေးမိတွေးရာ . . .
အတောင်ပံပါရင်ကောင်းမှာပဲ ဆိုတာမျိုး
အဲဒီကတစ်ဆင့်
ဆောင်းခိုငှက်တွေအကြောင်း ဂဃနဏသိချင်လိုက်တာ ဆိုတာမျိုး
အဲဒီကမှတစ်ဆင့်
သူတို့အုပ်ဖွဲ့ ပျံသန်းရာ ကောင်းကင်အောက်က ဘ၀တွေ ဘယ်လိုဘယ်ပုံ
ဘာကြောင့်များ ကွဲပြားခြားနားနေကြတာပါလိမ့် ဆိုတာမျိုး
အဲဒီကမှ နောက်တစ်ဆင့်
..............................
တစ်ခါတစ်လေ
ငေးမိငေးရာ ဟိုးအဝေး . . . ။ ။
ကိုဇော်(ကလေးမြို့)ကဗျာချစ်သူတွေအတွက် တင်ဆက်လိုက်ရခြင်းရယ်ပါ။ ဝေဖန်ချင်သူများ lonelykaunglay147@gmail.com သို့ အားမနာတမ်း ဝေဖန်အကြံပေးနိုင်ကြပါတယ်။
Friday, December 9, 2011
တစ်ခါတစ်လေ......ကိုဇော်(ကလေးမြို့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment