ကဗျာချစ်သူတွေအတွက် တင်ဆက်လိုက်ရခြင်းရယ်ပါ။ ဝေဖန်ချင်သူများ lonelykaunglay147@gmail.com သို့ အားမနာတမ်း ဝေဖန်အကြံပေးနိုင်ကြပါတယ်။
Wednesday, December 5, 2012
စစ်
စစ်
တစ်ယောက်ချင်း တစ်ဖွဲ့ချင်း တစ်တောင့်ချင်း
အပျင်းပြေလူသတ်တမ်းကစားရတာ
ပူလောင်တဲ့သီချင်းတွေအဆက်မပြတ်နားထောင်ရတာ
ဘာကောင်းသလဲ
တစ်ယောက်တစ်လှည့်ကျဆုံးရတာပဲအဖတ်တင်ခဲ့တယ်။ ။
အောင်မှူးဝေ
24.11.2012
တစ်ယောက်ချင်း တစ်ဖွဲ့ချင်း တစ်တောင့်ချင်း
အပျင်းပြေလူသတ်တမ်းကစားရတာ
ပူလောင်တဲ့သီချင်းတွေအဆက်မပြတ်န
ဘာကောင်းသလဲ
တစ်ယောက်တစ်လှည့်ကျဆုံးရတာပဲအဖတ
အောင်မှူးဝေ
24.11.2012
Saturday, November 17, 2012
အလွမ်းပြေ
ဖွဲ့နွဲ့ကြည့်လိုက်တိုင်း အ နေတဲ့ဒင်္ဂါးတစ်ပြားလို
လိမ့်သွားပြီးအသံမမြည်ခဲ့တဲ့နှစ်များပဲ
တစ်ယောက်ရှိခဲ့ပြီးတဲ့နောက်ပူနွေးသောအနမ်းများနဲ့
ဦးတဲ့လူကထားခဲ့ရတဲ့ နှစ်များပဲ
အပြုံးပါးပါး အငိုနေ့စွဲထူထူတွေနဲ့
သချိုင်္င်းစောင့် နတ်ခွေးအူသံတွေလိုရှုပ်ထွေးခဲ့တဲ့နှစ်များပဲ
လက်ထပ်ပြီးငါးရက်အကြာ မီရာရောဂါနဲ့
အဆင်ပြေတဲ့ဘုံဘဝတစ်ခုဆီ
အပျင်းဖြေခရီးထွက်သလို
ထွက်သွားခဲ့လေတဲ့ ယုဇနပန်းဆန်ဆန်နှစ်များပဲ
မုဆိုးလက်က မလွတ်နိုင်တဲ့ တောအုပ်တစ်ခုလို
အထိတ်တလန့်စိမ်းလန်းခဲ့ရတဲ့နှစ်များပဲ
ထောပတ်အိုးပူပူထဲဇောက်ထိုးကျသွားတဲ့ ကျားတစ်ကောင်လို
ငရဲအိုးထဲပက်လက်ကျခဲ့ရတဲ့နှစ်များပဲ
မင်းရဲ့ဘ၀ကဗျာ ကာရံမညီဘူးနှင်းဆီရေ
ခင်ဗျားကတော့ တစ်ကယ့်ကန္တာရမြေခွေးပဲ
စသဖြင့်စကားလုံးတွေနဲ့
ခင်မောင်တိုးရဲ့ကြိုးကြာသံကိုဆာလောင်ခဲ့ရတဲ့နှစ်များပဲ
အလွမ်းပြေပေါ့ ကိုပေါ်ဦး။ ။
(ကိုပေါ်ဦး=မင်းကိုနိုင်)
အောင်မှူးဝေ
၁၇.၁၁.၂၀၁၂
Friday, November 9, 2012
Subscribe to:
Posts (Atom)