Tuesday, July 9, 2013

ဆိုးနေတဲ့အဖြစ်တွေ-၁


ဆိုးတယ် အဖြစ်က ကိုယ့်နှမလုံခြုံရေးအတွက်ဥပဒေရေးရအော်ဆဲရရန်ဖြစ်ရ

စိန်ပန်းပွင့်တွေ ၀တ်လစ်စလစ်လမ်းပေါ်မှာပွင့်လို့လေညင်းကမုဒိမ်းကျင့်ဆိုလား

ကဗျာရေးရတာ ပြည်သူပိုင်ဆန်စက်ကိုမီးရှို့ရသလိုပဲမလွတ်လပ်ဘူးခက်တယ်

မနက်ဖြန်စားဖို့မရှိတဲ့အိမ်တွေမှာတည်ငြိမ်အေးချမ်းမှုရှိပါ့မလား တွေးကြည့်

စားနပ်ရိက္ခာအတွက်သွေးရောင်းရသူတွေ ကလေးရောင်းရသူတွေ

စိတ်ကစားရအောင် ကိုယ်ကဆိတ်ဖွားလည်းမဟုတ်ပါဘူးမမြ၀င်း။

အသားမည်းလို့ခြေမချရတော့လည်းဘာဖြစ်ငါကကျီးကန်းပဲပျံနေတယ်ပျော်လို့

ရေဒီယိုထဲကမိန့်ခွန်းကို

ရက်ပ်သီချင်းလိုဆိုချင်တယ်

ဆိုးလိုက်တာအဖြစ်က။  ။

အောင်မှူးဝေ







ခင်နုံ

မီးလောင်ရာ စကားလုံးဟောင်းများအပြည့် လမ်းအသစ်တွေဆီ

မီးလောင်ပေါက်ဗလပွနဲ့စိတ်ကိုဖြည်းဖြည်းချင်းချလျှောက်မိ

ခေတ်မီဖွံ့ဖြိုးတိုးတက်သောပြဿနာများတင်ပါးကြီးကြီး

အတ္တကြီးကြီးမိန်းမများ

အကြံဆန်းသူတွေမှန်နန်းတော်ဝင်ကာသိမ်းစဉ်က

ခုတင်အောက်ကအိတ်မောက်မောက်တစ်ခုထဲ

ချိပ်တောင့်တန်ဆာတွေဟာတစ်ထွာသာသာရှည်သတဲ့

ဒါအမျိုးသမီးအခွင့်ရေးပေါ့ ဟုတ်လား ခင်နုံ..။

ခေတ်ကချိုင့်ခွက်ထဲပြုတ်ကျလို့အခုန်

နင်က ဘာတုန်တာလဲ

ခင်နုံ..။  ။


အောင်မှူးဝေ

Monday, July 8, 2013

ဘောင်းဘီဝတ်အဓိကရုဏ်း

ဘောင်းဘီဝတ် အဓိကရုဏ်း

by Hero Rose (Notes) on Monday, July 8, 2013 at 11:15am
အဆင်မပြေမှုဟာ

ဆေးပေါ့လိပ်မီးပွားတွေအဖြစ်လွင့်လာတယ်

ဆရာမောင်ချောနွယ် ခင်ဗျားရဲ့ခုတ်သားစအဖွဲ့ သိပ်ကြိုက်။

အဆင်မပြေမှုဟာ

ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေလို

လူထုကျန်းမာရေးလိုအပ်ချက်အဖြစ်အသက်ဝင်လာ

အသွေးအသားထဲအထိအာဏာတည်သွား

ညားကာစကတော့ ဆေးလိပ်နံ့ကြီးမခံနိုင်ဘူးပေါ့နော်

သူက အာဏာရှင်ဆေးပြင်းလိပ်ကိုသိပ်သောက်တာပဲ

အခုတော့လည်း ညအိပ်မီးရောင်ပျပျလေးမြင်ရုံနဲ့

ဆေးပြင်းလိပ်အနံ့ကိုယဉ်ပါး

ကျွန်မဘ၀က အနံ့ရွေးနေလို့မဖြစ်ဘူး။

လူသားတွေရဲ့ပကတိရိုးသားမှုဟာရယ်မောရစမြဲ

အငြိမ်းစားအရူးကြီးတစ်ယောက်နေပြည်တော်လမ်းမများမှာ

ကောင်မလေးတွေကိုဘာလုပ်ပြနေသလဲ

ပျောက်ဆုံးနေတဲ့ရယ်သံအစစ်တွေပြန်မရခဲ့ဘူး

ပြည်သူလူထုရဲ့ပျော်ရွှင်မှုဟာ

ချဉ်းကပ်လမ်းအမှန်ကသွေဖည်မသွားဖို့

၂၀၁၅ရဲ့ဥသြသံကိုစောင့်နေတယ်။

အဆင်မပြေမှုဟာ

မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ ဘာညာကွိကွနဲ့

သေဖော်ရှင်ဖက်ခွက်တူလက်တူ

အဆင်ပြေပြေရှင်သန်မှုက

ပိုက်ဆံရှိသူများမှအပ

ကျန်လူတွေအတွက်တော့ခွေးတူဝက်တူ

ပြည်သူအချင်းချင်း

မေတ္တာတရားကိုမေတ္တာတရားနဲ့မျှားရတယ်။

ခရမ်းချဉ်သီးတွေဖျော်ထားတဲ့ရေကန်ထဲ

အချစ်ရေ

ကိုယ်တို့ခပ်ချဉ်ချဉ် ရဲရဲရင့်ရင့်

လူးကြ လှိမ့်ကြ ဘီယာတွေစုပ်ကြ

နှုတ်ခမ်းချင်းစုပ်ကြ

ရင်ချင်းအပ်ကြ

ခါးချင်းယှက်ကြ

သံတုံးမှာဝက်အူရစ်အသစ်ဖောက်သလို

မွေးရာပါလွန်ပူချောင်းကိုလှည့်သွင်းကြ

အဖေကမယားငယ်နဲ့

အမေကလင်ငယ်နဲ့

သမီးကဘေးအိမ်ကပင်စင်နာဘဲကြီးနဲ့

တစ်အိုးတစ်အိမ်တည်း

ထွီ....

တော်သလင်းဒီမိုကရေစီခေတ်မှာ

အဖော်ကင်းသူတွေနေမဖြစ်ပြီပဲ။

အဆင်မပြေမှုဟာ

ဓမ္မာရုံဂေါပက အော်နေသလို

နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့မရောက်နိုင်ဘူး

မီးဖုတ်ပြီးအရေပြားမှာရိုက်လိုက်တဲ့တံဆိပ်လို

ကိလေသာအမှတ်အသားက

စွဲမြဲလွန်း..။

မြို့လယ်ခေါင်

တင်ပါးတလှုပ်လှုပ်လျှောက်သွားနေတဲ့ကောင်မလေးတို့ရေ

ထွန်းသွားတစ်ချောင်းတည်းနဲ့လှိမ့်ထွန်ပစ်ချင်တယ်သိလား

ငါက ညည်းရဲ့ လက်တစ်ဝါးစာလယ်ကွက်ကလေးကိုရဖို့

တစ်ကိုယ်တော်ထွန်တုံးတိုက်ပွဲဆင်နွှဲသူကြီးပေါ့

တည်းခိုခန်း/ဟိုတယ် တစ်နာရီထွန်လိုက်

တစ်လနားလိုက်

သောက်ကောင်မတွေ

ရေမွှေးနံ့ကိုဗော်လျူးနည်းနည်းလျှော့ပါလား

မိုးဝေးကဗျာတွေလိုပြေပြေပြစ်ပြစ်မျက်စိနဲ့ဆက်ဆံ။

အဆင်မပြေမှုဟာ

ရိတ်သိမ်းသူမဲ့ ယာတစ်ခင်းလို

မှည့်နေတဲ့အရောင်အတိုင်းဝင်းလာ

ညကိုဒီထက်ပိုပြီးတိတ်တိတ်ကလေးနေဖို့ပြောမရရင်

အဲဒါ

မြို့ပြရဲ့ဆူညံပေါက်ကွဲနေတဲ့ ညပဲ။

အဆင်မပြေမှုဟာ

ရက်လွန်ထမင်းသိုးတွေလိုအနံ့တထောင်းထောင်း

အဆင်မပြေမှုဟာ

ကဗျာဆရာတစ်ယောက်လိုကဗျာတွေဘာတွေရေး

အဆင်မပြေမှုဟာ

မာရ်နတ်နှုတ်မွေးပေါ်မှာစင်္ကြံလျှောက်

အဆင်မပြေမှုဟာ

အဆင်မြင့်အများသုံးသန့်စင်ခန်းထဲမှာမတ်တပ်ရပ်လို့။

အက်ဒွပ်ဘုရင်ပြောသလိုပြောရရင်

စကော့တလန်တစ်ပြည်လုံးပြာကျသွားမှအဆင်ပြေတော့မှာ

ဟေ့...ဟေ့...ဘုရင်အစုတ်တွေ

ဘုရင်တိုဘုရင်စ သမ္မတအပျက်တွေ

မင်းတို့အဆင်ပြေဖို့

ပြည်သူဘယ်နှယောက်သေပေးရမှာလဲ

ဘယ်နှယောက်ငတ်ပေးရမှာလဲ

မင်းအဆင်ပြေလား

အားလုံးအိုကေပါတယ်

ဟော့ဒီရိုစီတာတို့နိုင်ငံတော်တစ်ဝှမ်းမှာ

အဆင်ပြေတယ်..လို့ပြောရတာကိုက

အဆင်မပြေဘူး။  ။

အောင်မှူးဝေ

၇.၇.၂၀၁၃

















မျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေအကြောင်းကြားရတဲ့နေကဖျားနာခဲ့မှုများအလွန်ဗုံးပေါက်ခြင်း

မျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေအကြောင်းကြားရတဲ့နေကဖျားနာခဲ့မှုများအလွန်ဗုံးပေါက်ခြင်း

by Hero Rose (Notes) on Tuesday, July 9, 2013 at 1:02pm
ကဗျာကခေါင်းစဉ်ရှည်ရှည်အမြင်တိုတို

စိတ်ကိုရောက်တဲ့နေရာမှာရပ်မထားနိုင်ဘူး

နားမလည်တာကပဲအရသာတစ်ခုလို့ညွှန်းဆိုကြသူများအလယ်

သမ္မတဖြစ်ချင်တာဟာ

သူရဲကောင်းတွေအလယ်မှာသူခိုးတစ်ယောက်ဖြစ်ချင်တာမျိုးမဟုတ်ခဲ့

ဝေသာလီမှာရွာတဲ့ဒီမိုကရေစီမိုးလည်းမင်းတို့ငါတို့မချိုးခဲ့

ဝေသာလီမှာကျမ်းကျိန်တာ သူတို့အခြေခံဥပဒေကိုကိုင်ပြီးကျိန်တာ..တဲ့

အခြေခံဥပဒေကိုရွှေချထားကြတာ

အခြေခံဥပဒေကိုဦးညွှတ်ကြရတာ

ဘာပဲပြောပြော လွှတ်တော်ကိုသန္တာဂါရလို့ခေါ်တဲ့

ဝေသာလီကိုငါလွမ်းတယ်

လိစ္ဆ၀ီတို့ရဲ့ဓားရောင်လှံရောင်တွေကိုငါချစ်တယ်။

ငါတို့နိုင်ငံတော်မှာမျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေ

ကြားရ

နေလို့မကောင်းဘူး

ဂယာမှာဗုံးပေါက်ကွဲနေပြီ။  ။


အောင်မှူးဝေ