Monday, July 8, 2013

မျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေအကြောင်းကြားရတဲ့နေကဖျားနာခဲ့မှုများအလွန်ဗုံးပေါက်ခြင်း

မျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေအကြောင်းကြားရတဲ့နေကဖျားနာခဲ့မှုများအလွန်ဗုံးပေါက်ခြင်း

by Hero Rose (Notes) on Tuesday, July 9, 2013 at 1:02pm
ကဗျာကခေါင်းစဉ်ရှည်ရှည်အမြင်တိုတို

စိတ်ကိုရောက်တဲ့နေရာမှာရပ်မထားနိုင်ဘူး

နားမလည်တာကပဲအရသာတစ်ခုလို့ညွှန်းဆိုကြသူများအလယ်

သမ္မတဖြစ်ချင်တာဟာ

သူရဲကောင်းတွေအလယ်မှာသူခိုးတစ်ယောက်ဖြစ်ချင်တာမျိုးမဟုတ်ခဲ့

ဝေသာလီမှာရွာတဲ့ဒီမိုကရေစီမိုးလည်းမင်းတို့ငါတို့မချိုးခဲ့

ဝေသာလီမှာကျမ်းကျိန်တာ သူတို့အခြေခံဥပဒေကိုကိုင်ပြီးကျိန်တာ..တဲ့

အခြေခံဥပဒေကိုရွှေချထားကြတာ

အခြေခံဥပဒေကိုဦးညွှတ်ကြရတာ

ဘာပဲပြောပြော လွှတ်တော်ကိုသန္တာဂါရလို့ခေါ်တဲ့

ဝေသာလီကိုငါလွမ်းတယ်

လိစ္ဆ၀ီတို့ရဲ့ဓားရောင်လှံရောင်တွေကိုငါချစ်တယ်။

ငါတို့နိုင်ငံတော်မှာမျိုးချစ်စိတ်နဲ့ဖျော်သောက်ခဲ့တဲ့ပဋိပက္ခတွေ

ကြားရ

နေလို့မကောင်းဘူး

ဂယာမှာဗုံးပေါက်ကွဲနေပြီ။  ။


အောင်မှူးဝေ

No comments:

Post a Comment