Wednesday, December 21, 2011

ဖောင်ကူး

။။။
ဘ၀တွေကိုဖောင်ပေါ်တင်တင်ပြီး
အနာဂတ်ဆီအရောက်ကူးခဲ့သတဲ့
သူ့ကူးတို့မှာ
ကျောင်းစိမ်းဝတ်စုံတွေချိတ်လို့
မြို့ပြကျေးလက်
သံယောဇဉ်လက်တစ်ကမ်း
နေရဉ္ဇရာမြစ်ကို
တံတားအသစ်တစ်စင်းကနမ်းနေတယ်။
မြသန်းတင့်ရဲ့မာယာဘုံထဲက
ဖောင်ကူးတံတား
ရွာကလေးအပေါ်
ဒဏ်ခံအပြုံးတွေနဲ့ပြုစားတဲ့အရာ။  ။
(မှတ်ချက်. ဖောင်ကူးရွာ=ကလေးမြို့အနီး)
အောင်မှူးဝေ