Wednesday, December 21, 2011

လရောင်ကြိုးတန်းလမ်းကလေးထဲ


ပန်းရနံ့ဝင်စားတဲ့လမ်းကလေးထဲ
စကားလုံးအသစ်တွေဝတ်ဆင်လို့
လေညင်းဟောင်းကလေးနဲ့အတူတူ
လရောင်ကြိုးတန်းအတိုင်း
ဘာကိုမှမမြင်သလိုလိုနဲ့
သဘာဝအလှတွေကိုမမြင်သလိုလိုနဲ့
ခုတ်တဲ့သူခုတ်
စိုက်တဲ့သူစိုက်
တို့ကတော့စိုက်နေမှာပဲ
မစိုက်ရင်မနေနိုင်တာကလွဲလို့
မင်းမှမစိုက်ရင်ဘ၀ပျက်သွားနိုင်တယ်
လမ်းကလေးရဲ့အံဆွဲထဲက
ပျိုးပင်တွေထွက်လာ
သူတို့....
ချစ်မက်စိမ်းလန်းစွာ။  ။
(သစ်ပင်ချစ်သူ..တူမလေးဖြိုးသဉ္ဇာကျော်အတွက်ကဗျာလက်ဆောင်)
အောင်မှူးဝေ

No comments:

Post a Comment