မုံရွာ
ရင်ထဲအထိဆူညံပေါက်ကွဲတတ်သော ညကဖေးသံစူးစူးများ
အစိတ်အကွဲလမ်းဆုံရဲ့ ဂုဏ်တုဂုဏ်ပြိုင်စက်ဝိုင်းများ
ဈေးကလေးရဲ့ ဝေလီဝေလင်းတေးသွားထဲ
လှုပ်လှုပ်ရှားရှားထည့်ဖျော်ခံလိုက်ရ။
ဘ၀ပါထိုးနှစ်ပြီးဆွဲထားတဲ့ပန်းချီကားထဲ
ကိုယ့်အရောင်ကနည်းနည်း
သူတစ်ပါးအရောင်ကခပ်များများ
အပူဒီဂရီများတဲ့နှစ်တွေမှာ
စိတ်ကူးပေါက်ရင်ပေါက်သလို
ကျော်ဝင်းရဲ့ကမ္ဘာပြားပြားထဲ
အလန့်တကြား
မီးထ ထလှုံတတ်တဲ့မြို့
တကယ်တော့
သူ့သမိုင်းနဲ့သူ နွေးပြီးသား။
ကိုရွေး
သူကကျွန်တော်တို့ရွာတွေနဲ့မလှမ်းမကမ်းပေါ့နော
ရွာချင်းဆက်သလို
တမာ ထနောင်းရနံ့ချင်းလည်းဆက်တယ်
လူမှုဘ၀ချင်းလည်းဆက်ပါတယ်
အိပ်မက်ကို
ချက်ကြိုးလိုစလွယ်သိုင်းပြီးမွေးလာတဲ့မြို့
နာရီစင်ကိုမကြည့်ပဲ
လက်ကနာရီကိုငုံ့ငုံကြည့်တယ်ဆိုကတည်းက
အသေးအဖွဲတွေကိုအသိအမှတ်ပြုတယ်ဆိုတဲ့သဘော
ကြည်ဇော်အေးလည်း
သူ့ရဲအသေးအဖွဲထဲကတစ်ခုပေါ့။
တစ်ခါသား
ညကြီးမင်းကြီး
ဗိုလ်ချုပ်လမ်းတလျောက်ဖယောင်းတိုင်တွေထိန်လို့
ဗိုလ်ချုပ်သမီးကိုကြိုခဲ့ကြ
ကံကောင်းလို့ ဖယောင်းတိုင်တွေလိုအရည်မပျော်ခဲ့တာ
ပွင့်ပြီးသမျှဘုရားတွေရဲ့ကျေးဇူးတော်ပါပဲတဲ့။
စောလေအေးလေမနက်ခင်းတွေမှာ
ကျောက္ကာလမ်းလည်း
ကျွန်တော်တို့သိကြတဲ့အတိုင်း
သီချင်းတွေ နှင်းတွေ ကဗျာတွေဖြန့်ခင်း
မြို့ ကြီးက အရုဏ်ဦးကိုစိတ်နဲ့နင်းတယ်
တက်ဘုန်းကြီးရဲ့
အရှေ့ကနေ၀န်းထွက်သည့်ပမာ
ညိုမြရဲ့ကုန်းဘောင်ရှာပုံတော်တွေကို
သူစားတယ်
သူ့အတွက်တော့မနက်စောစောစာပေါ့။
အဲဒါ..
ကိုရင်တာ..မင်းဆွေနှစ်
အပျင်းပြေချစ်တဲ့မြို့ကြီးလေ။
သူက
ခေတ်အသစ်စံနစ်အသစ်
လူအသစ်တွေနဲ့အဆင်မပြေဘူး..တဲ့။
သူက...အခုတလောသမိုင်းဟောင်းတွေကိုပဲ
ပြန်ပြန်ဖတ်နေသတဲ့။
သူက..
မိုးတွင်းဆို
ချင်းတွင်းရေနဲ့ခြေထောက်ဆေးတုန်းပဲ..တဲ့။
သူက..
ငါဟာ
ရပ်နေတဲ့နာရီကိုမှ
ဘယ်နှနာရီလဲမေးမိသူ..တဲ့။
သူက..
ငါဟာ ခေတ်ကောင်းမီခဲ့တယ်..လို့ပြောတယ်
သူ
အရင်တိမ်ညွန့်ကိုပဲစားချင်တုန်း။
သူက
ဘယ်သူလဲ။
သူက..
သူ့ကိုယ်သူ
မုံရွာ..လို့ပြောတယ်
နန်းသုံးကတော့သလ္လာဝတီပေါ့။
သူက
ကိုမင်းဆွေနှစ်သမီးလေး
ချစ်စရာကောင်းတဲ့အကြောင်းပြောတယ်။
သူက...
ချင်းတွင်းအိမ်မှာစာအုပ်ဝယ်ဖို့
အားကာတိုက်တန်းဖန်မီးအိမ်ကိုသွားဖို့
ဇေယျာရွှေမြေကိုအားပေးဖို့
ရေသန့်ဗူးခွံနဲ့ခွေးတွေကိုမထုဖို့
ဘုရားကြီးမှာဘာဆုညာဆုမတောင်းဖို့
မပြောဘူး။
သူ့လူတွေက
မပြောဘဲလုပ်သူတွေဖြစ်သတဲ့။
သူဟာ
မုံရွာစစ်စစ်ဖြစ်ကြောင်း
မှတ်ပုံတင်ပြစရာမလိုဘူး
သနပ်ခါးတွေရောင်းပြရင်ပဲလုံလောက်ပြီ
လယ်တီကျောက်စာတိုက်သွားတဲ့လမ်း
ညွှန်ပြရုံနဲ့လုံလောက်ပြီ
ဒါ..ညိုမြတို့ရွာပေါ့
မေးငေါ့တတ်ရုံနဲ့လုံလောက်ပြီ
ဆန်တန်းမှာဦးအံ့မောင်ရှိတယ်
ဇောတိကလမ်းမှာ
ဝဏ္ဏသီရိရှိတယ်
နတ်လမ်းညွှန်ရုံနဲ့အဆင်ပြေပြီ
မုံရွာ..
ခုံကွာနေတဲ့
သူရဲကောင်းတို့ရဲ့ဖိနပ်ကလေး။
သူ့ရင်ထဲမှာ..
သုံးဘီးဆိုင်ကယ်တွေပြေးနေတယ်..
လာလေ..လာလေ
မိုးညှင်းသမ္ဗုဒ္ဓေ..ဗောဓိတစ်ထောင်..တဲ့။ ။
အောင်မှူးဝေ
်
ရင်ထဲအထိဆူညံပေါက်ကွဲတတ်သော ညကဖေးသံစူးစူးများ
အစိတ်အကွဲလမ်းဆုံရဲ့ ဂုဏ်တုဂုဏ်ပြိုင်စက်ဝိုင်းများ
ဈေးကလေးရဲ့ ဝေလီဝေလင်းတေးသွားထဲ
လှုပ်လှုပ်ရှားရှားထည့်ဖျော်ခံလိုက်ရ။
ဘ၀ပါထိုးနှစ်ပြီးဆွဲထားတဲ့ပန်းချီကားထဲ
ကိုယ့်အရောင်ကနည်းနည်း
သူတစ်ပါးအရောင်ကခပ်များများ
အပူဒီဂရီများတဲ့နှစ်တွေမှာ
စိတ်ကူးပေါက်ရင်ပေါက်သလို
ကျော်ဝင်းရဲ့ကမ္ဘာပြားပြားထဲ
အလန့်တကြား
မီးထ ထလှုံတတ်တဲ့မြို့
တကယ်တော့
သူ့သမိုင်းနဲ့သူ နွေးပြီးသား။
ကိုရွေး
သူကကျွန်တော်တို့ရွာတွေနဲ့မလှမ်းမကမ်းပေါ့နော
ရွာချင်းဆက်သလို
တမာ ထနောင်းရနံ့ချင်းလည်းဆက်တယ်
လူမှုဘ၀ချင်းလည်းဆက်ပါတယ်
အိပ်မက်ကို
ချက်ကြိုးလိုစလွယ်သိုင်းပြီးမွေးလာတဲ့မြို့
နာရီစင်ကိုမကြည့်ပဲ
လက်ကနာရီကိုငုံ့ငုံကြည့်တယ်ဆိုကတည်းက
အသေးအဖွဲတွေကိုအသိအမှတ်ပြုတယ်ဆိုတဲ့သဘော
ကြည်ဇော်အေးလည်း
သူ့ရဲအသေးအဖွဲထဲကတစ်ခုပေါ့။
တစ်ခါသား
ညကြီးမင်းကြီး
ဗိုလ်ချုပ်လမ်းတလျောက်ဖယောင်းတိုင်တွေထိန်လို့
ဗိုလ်ချုပ်သမီးကိုကြိုခဲ့ကြ
ကံကောင်းလို့ ဖယောင်းတိုင်တွေလိုအရည်မပျော်ခဲ့တာ
ပွင့်ပြီးသမျှဘုရားတွေရဲ့ကျေးဇူးတော်ပါပဲတဲ့။
စောလေအေးလေမနက်ခင်းတွေမှာ
ကျောက္ကာလမ်းလည်း
ကျွန်တော်တို့သိကြတဲ့အတိုင်း
သီချင်းတွေ နှင်းတွေ ကဗျာတွေဖြန့်ခင်း
မြို့ ကြီးက အရုဏ်ဦးကိုစိတ်နဲ့နင်းတယ်
တက်ဘုန်းကြီးရဲ့
အရှေ့ကနေ၀န်းထွက်သည့်ပမာ
ညိုမြရဲ့ကုန်းဘောင်ရှာပုံတော်တွေကို
သူစားတယ်
သူ့အတွက်တော့မနက်စောစောစာပေါ့။
အဲဒါ..
ကိုရင်တာ..မင်းဆွေနှစ်
အပျင်းပြေချစ်တဲ့မြို့ကြီးလေ။
သူက
ခေတ်အသစ်စံနစ်အသစ်
လူအသစ်တွေနဲ့အဆင်မပြေဘူး..တဲ့။
သူက...အခုတလောသမိုင်းဟောင်းတွေကိုပဲ
ပြန်ပြန်ဖတ်နေသတဲ့။
သူက..
မိုးတွင်းဆို
ချင်းတွင်းရေနဲ့ခြေထောက်ဆေးတုန်းပဲ..တဲ့။
သူက..
ငါဟာ
ရပ်နေတဲ့နာရီကိုမှ
ဘယ်နှနာရီလဲမေးမိသူ..တဲ့။
သူက..
ငါဟာ ခေတ်ကောင်းမီခဲ့တယ်..လို့ပြောတယ်
သူ
အရင်တိမ်ညွန့်ကိုပဲစားချင်တုန်း။
သူက
ဘယ်သူလဲ။
သူက..
သူ့ကိုယ်သူ
မုံရွာ..လို့ပြောတယ်
နန်းသုံးကတော့သလ္လာဝတီပေါ့။
သူက
ကိုမင်းဆွေနှစ်သမီးလေး
ချစ်စရာကောင်းတဲ့အကြောင်းပြောတယ်။
သူက...
ချင်းတွင်းအိမ်မှာစာအုပ်ဝယ်ဖို့
အားကာတိုက်တန်းဖန်မီးအိမ်ကိုသွားဖို့
ဇေယျာရွှေမြေကိုအားပေးဖို့
ရေသန့်ဗူးခွံနဲ့ခွေးတွေကိုမထုဖို့
ဘုရားကြီးမှာဘာဆုညာဆုမတောင်းဖို့
မပြောဘူး။
သူ့လူတွေက
မပြောဘဲလုပ်သူတွေဖြစ်သတဲ့။
သူဟာ
မုံရွာစစ်စစ်ဖြစ်ကြောင်း
မှတ်ပုံတင်ပြစရာမလိုဘူး
သနပ်ခါးတွေရောင်းပြရင်ပဲလုံလောက်ပြီ
လယ်တီကျောက်စာတိုက်သွားတဲ့လမ်း
ညွှန်ပြရုံနဲ့လုံလောက်ပြီ
ဒါ..ညိုမြတို့ရွာပေါ့
မေးငေါ့တတ်ရုံနဲ့လုံလောက်ပြီ
ဆန်တန်းမှာဦးအံ့မောင်ရှိတယ်
ဇောတိကလမ်းမှာ
ဝဏ္ဏသီရိရှိတယ်
နတ်လမ်းညွှန်ရုံနဲ့အဆင်ပြေပြီ
မုံရွာ..
ခုံကွာနေတဲ့
သူရဲကောင်းတို့ရဲ့ဖိနပ်ကလေး။
သူ့ရင်ထဲမှာ..
သုံးဘီးဆိုင်ကယ်တွေပြေးနေတယ်..
လာလေ..လာလေ
မိုးညှင်းသမ္ဗုဒ္ဓေ..ဗောဓိတစ်ထောင်..တဲ့။ ။
အောင်မှူးဝေ
်
No comments:
Post a Comment