ကျောက်ဆူးမနုတ်
ကြိုးမဖြုတ်ရသေးတဲ့လှေကလေးလို
သစ္စာတရားတွေကခိုင်မြဲ
တပ်မက်မှုဟာဇင်ယော်လေးပမာ
ထမီရင်လျားလေးတွေပေါ်ကဖြတ်ဖြတ်ပျံတယ်
ငါ့နှလုံးသားကဘယ်သန်ပါညီမလေး။
ရုပ်ဆိုးလေးလည်းချစ်မှာပဲ
ဒါ..
ငါခဏခဏချရေးမိတတ်တဲ့စာကြောင်း
မင်းရဲ့
ပါးဖောင်းဖောင်းလေးဘက်ကိုအမြဲစောင်းတယ်
ညည်းကလေးရဲ့မေတ္တာတရားနဲ့
ငါ့ဘ၀ကိုစိမ်းလန်းခွင့်ပြုပါညီမလေး။ ။
အောင်မှူးဝေ
ကြိုးမဖြုတ်ရသေး
သစ္စာတရားတွေကခို
တပ်မက်မှုဟာဇင်ေ
ထမီရင်လျားလေးတေ
ငါ့နှလုံးသားကဘယ
ရုပ်ဆိုးလေးလည်း
ဒါ..
ငါခဏခဏချရေးမိတတ
မင်းရဲ့
ပါးဖောင်းဖောင်း
ညည်းကလေးရဲ့မေတ္တ
ငါ့ဘ၀ကိုစိမ်းလန
အောင်မှူးဝေ
No comments:
Post a Comment