Saturday, December 3, 2011

ရိုမန်တစ်ကဝေ

ရိုမန်တစ် ကဝေ

လွမ်းတယ်...
အလိုက်ကမ်းဆိုးမသိတတ်တဲ့
မင်းရဲ့ နှုတ်ခမ်းအိုးလှလှလေးတွေကိုလွမ်းတယ်။
လွမ်းတယ်
မြားပေါင်းများစွာလက်တည့်စမ်းထားတဲ့
မင်းရဲ့နှလုံးသားလှလှလေးကိုလွမ်းတယ်။
လွမ်းတယ်
အစိမ်းရောင်ခြုံထည်တလွလွနဲ့
ကလေးမြို့ကတောင်တန်းတွေကိုလွမ်းတယ်။
လွမ်းတယ်
တောင်ကနေ မြောက်ကိုစီးတဲ့
မြစ်သာမြစ်ရဲ့ပြောင်းပြန်ခရီးမယ်လိုဒီကိုလွမ်းတယ်။

လွမ်းတယ်
ကလေးမြို့ဗိုလ်ချုပ်လမ်းပေါ်က
ငါတို့ရဲ့အညတရကဗျာညတွေကိုလွမ်းတယ်။
လွမ်းတယ်.....လွမ်းတယ်
အတိတ်ကအရိပ်လှလှတွေနဲ့
မိုးဦးကျကဗျာတွေကိုလွမ်းတယ်။
လပေါင်းအသင်္ချေ...နွေအနန္တ
မိုးညပျက်သုဉ်း...ဆောင်းလည်းပြုန်းထိ
လွမ်းမိနေဦးမှာပါပဲ။ ။

အောင်မှူးဝေ

ရတီမဂ္ဂဇင်း၊အောက်တိုဘာ၊၂၀၀၆
မှတ်မှတ်ရရဗျာ  တမူးမြို့နားကဘုက္ကန်ရွာမှာရေးခဲ့တဲ့ကဗျာလေးပေါ့။

No comments:

Post a Comment