ညီမလေး(၁)
ဝေလီဝေလင်းအတွေးတွေထဲ
နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ
ငါနဲ့ငါ့ရင်ခုန်သံတချို့ကို
ဝင်ခွင့်ပြုပါ ညီမလေး...။
ဘ၀က ဘ၀လို
တခုတ်တရ အဖုအထစ်တွေ
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကောင်းကင်တွေ
တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံးတွေ
အထူးစီမံဖော်စပ်ထားတဲ့
လူမှုဆက်ဆံရေးတွေ
ရှိလိမ့်မယ်
ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။
တစ်ခါတစ်လေတော့
ဒိုင်ယာရီအဟောင်းထဲက
ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့
တွန့်ကြေနေတဲ့အနမ်းမှာ
ညည်းစာမျက်နှာလေး
ငါနဲ့ငါ့လက်ရေးကို
လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ
ညီမလေး ....။ ။
အောင်မှူးဝေ
နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ
ငါနဲ့ငါ့ရင်ခုန်သံတချို့ကို
ဝင်ခွင့်ပြုပါ ညီမလေး...။
ဘ၀က ဘ၀လို
တခုတ်တရ အဖုအထစ်တွေ
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကောင်းကင်တွေ
တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံးတွေ
အထူးစီမံဖော်စပ်ထားတဲ့
လူမှုဆက်ဆံရေးတွေ
ရှိလိမ့်မယ်
ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။
တစ်ခါတစ်လေတော့
ဒိုင်ယာရီအဟောင်းထဲက
ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့
တွန့်ကြေနေတဲ့အနမ်းမှာ
ညည်းစာမျက်နှာလေး
ငါနဲ့ငါ့လက်ရေးကို
လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ
ညီမလေး ....။ ။
အောင်မှူးဝေ
ညီမလေး(၂)
ကျောက်ဆူးမနုတ်
ကြိုးမဖြုတ်ရသေးတဲ့လှေကလေးလို
သစ္စာတရားတွေကခိုင်မြဲ
တပ်မက်မှုဟာဇင်ယော်လေးပမာ
ထမီရင်လျားလေးတွေပေါ်ကဖြတ်ဖြတ်ပျံတယ်
ငါ့နှလုံးသားကဘယ်သန်ပါညီမလေး။
ရုပ်ဆိုးလေးလည်းချစ်မှာပဲ
ဒါ..
ငါခဏခဏချရေးမိတတ်တဲ့စာကြောင်း
မင်းရဲ့
ပါးဖောင်းဖောင်းလေးဘက်ကိုအမြဲစောင်းတယ်
ညည်းကလေးရဲ့မေတ္တာတရားနဲ့
ငါ့ဘ၀ကိုစိမ်းလန်းခွင့်ပြုပါညီမလေး။ ။
အောင်မှူးဝေ
ကြိုးမဖြုတ်ရသေး
သစ္စာတရားတွေကခို
တပ်မက်မှုဟာဇင်ေ
ထမီရင်လျားလေးတေ
ငါ့နှလုံးသားကဘယ
ရုပ်ဆိုးလေးလည်း
ဒါ..
ငါခဏခဏချရေးမိတတ
မင်းရဲ့
ပါးဖောင်းဖောင်း
ညည်းကလေးရဲ့မေတ္တ
ငါ့ဘ၀ကိုစိမ်းလန
အောင်မှူးဝေ
No comments:
Post a Comment