Sunday, December 18, 2011

လူငယ်


ဖော်ပြချက်အစမှာ
အရောင်တဖျပ်ဖျပ်စကားလုံးတွေထဲ
ဘ၀ကိုအလိုက်သင့်ထိုးချိတ်ထားတယ်
ရုပ်ရှင်ပြတဲ့အခါ စာတန်းထိုးသလိုမျိုး။
ဇာတ်လမ်းဟောင်းတွေတူးဖော်တွေ့ရှိတိုင်း
သူတို့ဟာ
နေရာပြင်ပြင်ပြီးထိုင်တတ်တဲ့
လွတ်လပ်သောရနံ့များ။
ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်သလို
ဆန့်ကျင်ဘက်နှလုံးသားထဲက
အချစ်ကိုလှမ်းလှမ်းနှိုက်တဲ့အရွယ်။
သူတို့ဆီက  ပွင့်လင်းမှုတွေရမယ်
သူတို့ဆီကငြိမ်းချမ်းရေးကုန်ကြမ်းတွေရမယ်
သူတို့ဆီက
ပုံမသွင်းရသေးတဲ့သစ္စာတရားကိုရမယ်
သူတို့က
လောကြီးရဲ့ရေသောက်မြစ်ပဲ
သူတို့တိုက်ပုံအင်္ကီင်္ျထဲက
မြွေတွေထွက်မလာဘူး
သူတို့
ဟန်မဆောင်တတ်ဘူး။
သူတို့ဟာ
နည်းပညာနဲ့တောက်လောင်နေတဲ့
သံမဏိပိုးဖလံလေးတွေ
သူတို့အရွယ်
လူငယ်...။
ဖော်ပြချက်အဆုံးမှာ
သူတို့လည်း
အခက်ခဲကိုယ်စီနဲ့ရင့်ကျက်လာကြတယ်။   ။
အောင်မှူးဝေ




No comments:

Post a Comment