Tuesday, December 6, 2011

ဇင်မီ(သို့မဟုတ်)ရတနာတို့ရဲ့မြစ်ဖျား



ညညဆို
ကြယ်ကလေးတွေနဲ့ အတူတူလမ်းပျောက်ရင်း
နေ့နေ့ဆို
ဆောင်းနှောင်းသဇင်လေးတွေနဲ့အတူ တူဖူးပွင့်ရင်း
ကလေးလေးတစ်ယောက်အရွယ်ရောက်ခဲ့ပြီဇင်မီ..။
အခုစွယ်တော်လေးတွေရဲ့အစိမ်းရောင်ခြေစစ်ပွဲရာသီ
မြို့ကလေးမှာပျော်ရဲ့လား
ငါ့သက်တန့်ချိုချိုလေးဟာ
နင်ပဲ  ဇင်မီ..။
မြစ်သာရဲ့ရင်ခွင်မှာပျော်ရဲ့လား
ငါ့တစ်ဘ၀လုံးရဲ့ရေစီးသံဟာလည်း
နင်ပဲ....ဇင်မီ။
ကြယ်စင်တွေတိုက်ပွဲကျတဲ့ည
အလွမ်းမှောင်မှောင်ကငါ့ကိုလောင်မြိုက်တယ်
ဇင်မီ..။
ကောင်းကင်ပေါ်ကကောက်ရတဲ့ရွှေရုပ်ကလေးလို
ငါနင့်ကိုချစ်တယ်ဇင်မီ။
နင့်ပါးပေါ်ကတဖွားဖွားကြွေဆင်း
လင်းလင်းကလေးမွှေးနေတဲ့
သနပ်ခါးမှုန်လေးတွေကအစ
နင်နဲ့ပတ်သက်သမျှအားလုံး
ငါချစ်ရတယ်   ဇင်မီ....။      ။


                           အောင်မှူးဝေ

No comments:

Post a Comment