မင်္ဂလာဦး
by Hero Rose on Friday, November 4, 2011 at 9:47am
ဗုံးသံသေနတ်သံမကြားရပေမယ့်
စစ်တလင်းဖြစ်နေတဲ့ည
ငါတို့ခေါင်းပေါ်မှာ
အနမ်းကျည်ဆံတွေဖြတ်ပျံနေကြပေါ့
ညက...
အိပ်ပစ်လိုက်ရမှာနှမြောစရာကောင်းတဲ့ညပဲ
နှစ်ရှည်ရှည်လေ့ကျင့်ထားတဲ့
ရနံ့မွှေးမွှေးပန်းကလေးများ
ငါတို့နဲ့အတူတူပွင့်ကြတယ်
နာရီသံတွေချွေးတပြိုက်ပြိုက်....။ ။
အောင်မှူးဝေ
No comments:
Post a Comment