Tuesday, December 6, 2011

အမေ(ဒေါ်အောင်ဆန်းစုကြည်)

အမေ
ဘ၀ထဲကဆွဲထုတ်လို့ရသလောက်ပျော်ရွှင်မှုမှာ
အပြုံးချိုချိုတွေကိုတပ်ဆင်ထား
အမေ့နှလုံးသားက
ဘယ်နားတူးတူးရတနာထွက်တဲ့မြေပဲ။
ဘယ်နှခါငေးငေး ငေးမ၀တဲ့ရှုခင်းဟာ
အမေပေါ့။
အမေကသူ့အဖေနဲ့
ငယ်ငယ်ထဲကကွဲကွာသွား
အမေ့ငယ်နာမည်က
မီးငယ်တဲ့
ခင်မောင်တိုး..ခင်ဝမ်း
အမေ့နာမည်ကိုသီချင်းဖွဲ့ကြတယ်
မီးငယ်ရေအားရှိမှကျော်ဖြတ်သွားတဲ့။
ငါတို့ဟာ
အမေ့ရဲ့အားတွေ
အမေ့ရဲ့ဓားတွေ
အမေ့ရဲ့ကျားတွေ
ပြီးတော့..
အမေ့ရဲ့သားတွေ..။
သူငယ်ချင်း
မင်းအိမ်ပြန်ရင်ငါ့ကိုယ်စား
ငါတို့အမေ့ပါးကို
ငါတို့ကိုယ်စားအပိုနမ်းခဲ့ပါ
သတ္တိများစွာ..
မေတ္တာများစွာ..
အနစ်နာများစွာ..
သစ္စာတရားမှာထုံကူးကြရအောင်.. ။     ။
အောင်မှူးဝေ

No comments:

Post a Comment