Monday, December 12, 2011

လှသန်း(သို့မဟုတ်)သံမဏိကလောင်




 ကျွန်တော့်ကို အနုပညာမြောက်

တောက်ခေါက်တတ်အောင်သင်ပေးခဲ့တဲ့
ကဗျာဆရာ

ကြွေပြီ

တောက်တက် တောက်တက် မင်းလမ်းလျှောက်တာအတော်မြန်

ဟေ့ကောင် ငါ့ကိုဝတ္ထုစွန့်ခဲ့ဦး

အောင်ဘညို အေးကို ငါအခင်ဆုံးကောင်တွေ

အမြဲပြောသလို အပြောလည်းမြဲတဲ့လူ

အယူဆရေးရာတွေမှာခင်ဗျားနဲ့ကျွန်တော်

ရွာလေးတစ်ရွာစာဝေးခဲ့တယ်ကိုလှသန်း

သူရဲကောင်းဖောင်တိန်နဲ့

ကဗျာတွေရေးတဲ့ခင်ဗျားကို

သူရဲဘောကြောင်သူတွေကမတည့်ဘူး

တစ်မိုးဟောင်းလို့တစ်ဆောင်းသစ်ပြန်ပြီ

မင်းနဲ့ငါဒီထက်ပိုချစ်ကြရင်

အနွေးထည်တောင်ဝတ်စရာမလိုဘူး

ခင်ဗျားစာသားတွေကြိုက်ခဲ့ကြ

တစ်မိုးဟောင်းတစ်ဆောင်းသစ်ချိန်ပဲ

ခင်ဗျား ထွက်သွားတယ်

ဂျိုလီပုံဝယ်ရင်းမိုးမိလို့

ခင်ဗျားမုန်းတယ်ဆိုတဲ့စနေနေ့ညကိုးနာရီ။

ငါ့ကျောက်ကပ်ဟာ

ငါရေးပြီးငါမကြိုက်တဲ့ကဗျာလိုမကောင်းတော့ဘူး

အောင်ဘညိုလိုလေမဖြတ်ရင်တော်ပြီ

သေတာကတော့ ဗီဒီယိုတွေထဲကလိုပေါ့

အောင်ဘညိုက ဂိ လိုက်တာကိုက်တယ်

အာရကေ  ခိုင်သွားတယ်

ခင်ဗျားအရပ်ပုပုနဲ့

ခင်ဗျားဆံပင်ရှည်ရှည်နဲ့

လပြည့်ဝန်းကဖေးထဲကနေ

လကွယ်ညရယ်သံနဲ့

ကျွန်တော့်ကိုလှမ်းမခေါ်တော့ဘူး

ပိုင်စိုးပိုင်နင်း

ခင်ဗျားစကားယူသုံးရရင်

တစ်တောရှင်းပြီးနားအေးသွားတာပဲ

ခင်ဗျားဘယ်ကိုသွားမှာလဲ

အာရှတိုက်ရဲ့တစ်နေရာလား

ဒီပရင်္ဂကိုလား

ဖဲထုပ်၊ရေမွှေး

အိပ်ဆေး၊စိပ်ပုတီး

ခင်ဗျားမသုံးတဲ့ပစ္စည်းတွေရော

ယူသွားဦးမှာလား

ခင်ဗျားကိုယ်ခင်ဗျားနှင်ထုတ်ဖို

အစီစဉ်မလုပ်ရသေးဘူးဆို

အခု

ဘာအချိုးချိုးတာလဲ

ခင်ဗျား သံကန်လန့်ကာနောက်ကိုဝင်သွားတုန်းက

လွမ်းခဲ့တဲ့ဆရာမကို

ထားခဲ့ရက်သလား

သွား....ခင်ဗျားသွား

ထွက်သွား

နောက်ဘ၀လည်းခင်ဗျားက

သံမဏိကလောင်ပဲဖြစ်မှာပါ။        ။

(22.အောက်တိုဘာ2011စနေနေ့ည9နာရီဘ၀တစ်ပါး၊လှသန်း၊ကြည်မောင်သန်း၊လိပ်ပြာသန်းသန်း၊ရန်မခ၊မောင်သီးသန့်သို့အမှတ်တရ)

အောင်မှူးဝေ

No comments:

Post a Comment