Sunday, December 4, 2011

မင်းကိုချစ်တယ်

မင်းကိုချစ်တယ်
မင်းကိုချစ်တယ်

ငါ့လွင်ပြင်ကိုလင်းစေလို့။
မင်းကိုချစ်တယ်
ငါထွင်းဖောက်မြင်လိုတဲ့အက္ခရာတွေ
ထွန်းပြလို့။
မင်းကိုချစ်တယ်
မင်းကဓနရှင်မဆန်လို့။
မင်းကိုချစ်တယ်
ငါ့အမှောင်ကိုခွင်းပေးလို့။
ငါ့ရဲ့လက်တွဲဖော်
တိုယိုဘက်ထရီလေးရေ
ငါ့အတိတ်ဟာ
ကျွမ်းနေတဲ့မီးချောင်းကွယ့်
ငါပြန်မလင်းလိုတော့ဘူး။  ။
အောင်မှူးဝေ
5.12.2011
တနင်္လာနေ့

No comments:

Post a Comment