Friday, December 2, 2011

ညီမလေး(၁)

ဝေလီဝေလင်းအတွေးတွေထဲ
နှင်းဆီရနံ့ပြင်းပြင်းများဝင်လာ
ငါနဲ့ငါ့ရင်ခုန်သံတချို့ကို
ဝင်ခွင့်ပြုပါ ညီမလေး...။

ဘ၀က ဘ၀လို
တခုတ်တရ အဖုအထစ်တွေ
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့ကောင်းကင်တွေ
တမင်ရည်ရွယ်ပြီးပြုံးရတဲ့အပြုံးတွေ
အထူးစီမံဖော်စပ်ထားတဲ့
လူမှုဆက်ဆံရေးတွေ
ရှိလိမ့်မယ်
ငါနဲ့ငါ့ဘ၀ကိုလက်ခံပါညီမလေး။
တစ်ခါတစ်လေတော့
ဒိုင်ယာရီအဟောင်းထဲက
ပျော်စရာတွေကိုဆွဲထုတ်မိတာပေါ့
တွန့်ကြေနေတဲ့အနမ်းမှာ
ညည်းစာမျက်နှာလေး
ငါနဲ့ငါ့လက်ရေးကို
လွတ်လပ်စွာခေါက်ထားခွင့်ပေးပါ
ညီမလေး ....။     ။

အောင်မှူးဝေ

No comments:

Post a Comment