ပျော်စရာတွေကိုပလိုင်းထဲထည့်သယ်လာမယ့်ညီမလေးကတောင်ယာမှာ
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်တွေဟာမချိုဘူး
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှုတွေနဲ့
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီးခိုးနံ့သင်းနေခဲ့။
အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်းလေး
စားပွဲအိုပေါ်မှာအကျဉ်းစံ..။
နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်းချိန်တော့
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။
သမိုင်းဦးကနေ.....ဒီနေ့အထိ
အကြောင်းရာစုံပေါ်
အလွမ်းမွဲမွဲတွေရွာချနေရတယ်........။...............။
အောင်မှူးဝေ
၁၈.၆.၂၀၁၀
မော်ဒန်ဆရာ အောင်မှူးဝေ ဘလော့ အမည်နဲ့ ဆက်လက်ရေးသားပေးပါနော်။
ReplyDeleteရွှေစုန်းချောင်း ကလောင်နဲ့ တရားဆောင်းပါတွေကို တင်ပေးစေလိုပါတယ်။
ခင်မင်လေးစားလျှက်
ရွှေလမ်းငွေလမ်းဝင်းကြည်