Friday, September 3, 2010

ခွေး

လူတွေနဲ့ဆက်ဆံရတာမလွယ်ဘူး
ရွှေဘောလုံးကိုကိုက်နေရသလိုပဲ
ငါ့စားခွက်လောက်မှမပြောင်ရောင်တဲ့ညည်းချင်းတွေနဲ့
လူတွေရဲ့ဒီနေ့ဆိုတာကို
ငါမယုံကြည်ဘူး
ဘာလုပ်မလဲ
လမ်းဆိုလည်းအမြီးနန့်ဖို့နေရာရှားလှချည့်
ဒီနေရာမှာ
လူများသာအမြီးနန့်ကြသည်ဆိုင်းဘုတ်ဆွဲလို့
ခေတ်အဆက်ဆက်
လူတွေနဲ့ပြိုင်ဟောင်နေရတာမောတယ်
ပိုက်ဆံဟာ
အမဲရိုးတစ်ချောင်းလောက်အရသာမရှိပါဘူး
အမှိုက်ပုံထဲကရာဇ၀င်ဟာ
ငါ့အတွက်
တောက်ပြောင်နေတုန်းပဲ..။ ။


အောင်မှူးဝေ

No comments:

Post a Comment