Friday, September 3, 2010

ပုံပြင်

ပုံပြင်ဟာ
ဆူးသားစစ်စစ်အတောင်ပံနဲ့
လည်ချောင်းထဲကအိပ်မက်ကိုအရိုးထွင်နေတယ်
ရနံ့တွေအနာခံပြီးဘ၀ကိုစတေးလိုက်ဖို့
ပုံပြင်ပီသခဲ့တာမဟုတ်ကြောင်းလည်း
ပြောရဲ့..။
ညနေညနေဆိုပုံပြင်ကရထားတစ်စင်းလို
အားလုံးကို
သူ့ရင်ထဲထည့်ပြီးသယ်ဆောင်သွားတတ်ရဲ့
ကြယ်ဖြူလေးတွေရဲ့စနစ်တကျရှင်သန်မှုမှာ
လွမ်းစရာအကောင်းဆုံးစာသားဟာ
ပုံပြင်များဖြစ်နေမလား
ပုံပြင်ဟာပုံပြင်တစ်ပုဒ်ထက်ပိုပြီးအဆိပ်ပြင်းလိုက်ဖို့
ပုံပြင်တစ်ပုဒ်ထဲမှာပဲစဉ်းစားဖူးခဲ့တယ်။ ။



အောင်မှူးဝေ

ဖျက်သိမ်းခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ရဲ့ကတိစကားတစ်ခွန်းသို့......
သူငယ်ချင်းကိုယ်စားရေးဖွဲ့ပါသည်။

No comments:

Post a Comment