Friday, September 3, 2010

သစ်ပင်တွေကြားရင်အားနာစရာ

နေ့စဉ်လှုပ်ရှားမှုများစွာမှာသံကြိုးမြည်သံတွေညံလို့
လူ့ဘဝ
ကဗျာဆိုတာလည်း
ကိုယ့်အသားကိုယ်စကားလုံးတွေနဲ့ခုတ်ခွာနေရသလိုမျိုး
၃၈လမ်းလည်း၃၈လမ်းအလျောက်
ဖြောင့်ဖြူးခဲ့တာပဲ
ကဗျာဆရာတွေသစ်ပင်စိုက်ကြသတဲ့
ကိုယ့်ဘ၀ကိုယ်ဖြောင့်အောင်မစိုက်နိုင်သူတွေတော့
ရှိကောင်းရှိနိုင်ပါတယ်
သူတို့ကတော့
ကျောက်ခေတ်မီးလုပွဲတွေဆီ
အမဲလုပွဲတွေဆီပြန်ရောက်သွားကြပေါ့။
လူတွေစိမ်းလန်းဖို့အရေးကြီးတယ်
သစ်ပင်စိုက်တာလူတွေစိမ်းလန်းဖို့တဲ့လား
တိုးတိုးပြော
သစ်ပင်တွေကြားရင်အားနာဖို့ကောင်းတယ်။ ။



အောင်မှူးဝေ

ကဗျာဆရာတို့၏သစ်ပင်စိုက်ပွဲတော်နေ့သို့အမှတ်တရ....

No comments:

Post a Comment