ဆိုးတယ် အဖြစ်က ကိုယ့်နှမလုံခြုံရေးအတွက်ဥပဒေရေးရအော်ဆဲရရန်ဖြစ်ရ
စိန်ပန်းပွင့်တွေ ၀တ်လစ်စလစ်လမ်းပေါ်မှာပွင့်လို့လေညင်းကမုဒိမ်းကျင့်ဆိုလား
ကဗျာရေးရတာ ပြည်သူပိုင်ဆန်စက်ကိုမီးရှို့ရသလိုပဲမလွတ်လပ်ဘူးခက်တယ်
မနက်ဖြန်စားဖို့မရှိတဲ့အိမ်တွေမှာတည်ငြိမ်အေးချမ်းမှုရှိပါ့မလား တွေးကြည့်
စားနပ်ရိက္ခာအတွက်သွေးရောင်းရသူတွေ ကလေးရောင်းရသူတွေ
စိတ်ကစားရအောင် ကိုယ်ကဆိတ်ဖွားလည်းမဟုတ်ပါဘူးမမြ၀င်း။
အသားမည်းလို့ခြေမချရတော့လည်းဘာဖြစ်ငါကကျီးကန်းပဲပျံနေတယ်ပျော်လို့
ရေဒီယိုထဲကမိန့်ခွန်းကို
ရက်ပ်သီချင်းလိုဆိုချင်တယ်
ဆိုးလိုက်တာအဖြစ်က။ ။
အောင်မှူးဝေ

No comments:
Post a Comment