Friday, January 11, 2013

ယု



ပြန်မတွေ့နိုင်တော့တဲ့နာမည်တစ်ခုမှာ
ဘဝကိုတင်ဆောင်ပေးလိုက်မိတာပဲ
ခင်ဗျားခံစားတတ်ရဲ့လားကဗျာဆရာ
အချစ်ဆိုတာမြညိုချစ်တဲ့ကိုရင်သြဗျ
ပြေးလှချေလားကိုရင်သြရယ်
သမုဒ္ဒရာတစ်ကြောမှာအရုပ်ပမာမျောရ
အဲဒီလို ယုနဲ့ကျွန်တော်
ချစ်ကြ။
အခုကျွန်တော်က
ခွေးတွေကိုဝမ်းချူပေးတဲ့အလုပ်လုပ်တယ်
နေပြည်တော်မှာ။
စားဝတ်နေရေးအခက်ခဲကတော့ဗျာ
သူလိုကိုယ်လိုပါပဲ
အများနည်းတူပါပဲ။
အိပ်မက်တွေကတော့ ယုနဲ့ထပ်တူ
ဗိုလ်အောင်ဒင်ပြန်လာပြီပေါ့ဗျာ။
ဒါပဲ ကဗျာဆရာ
ကဗျာဆရာရေဒါပဲ
ဒီမိုကရေစီခေတ်မှာ
ကျွန်တော်လိုလူမျိုးလည်းလိုအပ်တယ်မဟုတ်လား။
ကြယ်တွေက
ကန်ရေပြင်မှာလှုပ်နေတုန်း။

အောင်မှူးဝေ

No comments:

Post a Comment