Saturday, November 2, 2013

သပိတ်သတင်း


သပိတ်စန်းကိုအမေစုအမြန်ဆုံးသွားေ၇ာက်ကယ်တင်ပါ။ ✂✎✂✎✂✎✂✎✂✎✂✎✂✎✂✎✂✎✂✎✂✎ အမေစုရေ . . . . ဥရောပက အပြန်မောတယ်လို့သဘောမထားပါနဲလား၊ လက်ပံတောင်းတောင်ကိုသွားကြည့်ပါဦး၊ လယ်တီသိမ်လည်းကွဲနေပြီလို့ သတင်းကြားတယ်။ဒီကိစ္စတွေကြောင့် သံဃာတော်တွေဟာ၂-၁၁-၂၀၁၃ လက်ပန်တောင်းတောင်ဒေသကျောက်ကြီးတောင်အနီးသပိတ်စခန်းဖွင့်ပြီလို့ ပူးတွဲဓာတ်ပုံပါ သတင်းတွေတွေ့တယ်။ တင်တဲ့သူတွေကတော့ အမေစုရဲ့ Nld အဖွဲ့တွေပါပဲ။ အမေစုကိုယ်တိုင်စုံစမ်းစစ်ဆေးခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စဟာ အခုအထိ ပြည်သူတွေရင်ထဲ မီးလောင်နေတုန်းပဲဆိုတာ ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာ အမေစုသိမှာပါ။ ကိစ္စတစ်ခုကို ပြီးငြိမ်းအောင် ကိုယ်တာဝန် မယူနိုင်ရင် ဥက္ကဌအဖြစ်ခေါင်းဆောင်မလုပ်သင့်ဘူး။ ဒီပုံစံနဲ့ဆို အမေစုမြန်မာ ပြည်၇ဲ့သမ္မတမပြောနဲ့ ရက်ကွက်အုပ်ချုပ်ရေးမှူးအဆင့်တောင်လုပ်လို့မရနိုင်ဘူး ဆိုတာ သားတို့သဘောပေါက်တယ်။ ပြည်သူတွေရင်ထဲမှာ အမေစုသမ္မတဖြစ် ဖို့မဖြစ်ဖို့ထက် . . . (၁) သယံဇာတတွေမဆုံးရှုံးဖို့ (၂) မြန်မာနိုင်ငံကိုနိုင်ငံခြားသားတွေမအုပ်ချုပ်နိုင်ဖို့ ဆိုတဲ့ အချက်ကိုသာလျှင် ပဓာနထားနေကြတာဆိုတာ အမေစုရင်ဘတ်ထဲထည့် ထားပါ။ ဟိုးတုန်းကလို ပြည်သူဟာ မရူးတော့ဘူးနော် . . . (၁)အာဏာရှင်မကောင်းကြောင်းကိုလည်းသိတယ် (၂)အမေစုမကောင်းကြောင်းကိုလည်းသိတယ်။ ဒါလေးမှတ်ထားပြီး လက်ပံတောင်းတောင်ကိစ္စကို ပြီးငြိမ်းအောင်ဆောင်ရွက်ဖို့ အမြန်ဆုံးထိုသပိတ်စခန်းကိုသွားရောက်သင့်ပါတယ်။ ☀အလင်းရှင်☀

No comments:

Post a Comment