Wednesday, February 29, 2012

ခက်နေတဲ့ကိစ္စ

ခက်နေတဲ့ကိစ္စ


ကျောင်းလွယ်အိတ်ထဲက

ခေါင်းလောင်းသံတွေကိုထုတ်ထုတ်ကြည့်မိတိုင်း
ငယ်ဘ၀တွဲလက်ဟောင်း
ဈေးဦးပေါက်စံပယ်တင်မှဲ့ကလေးကိုလွမ်းဆွတ်
တစ်ဖက်ကိုတစ်ဖက်ကမေ့ပစ်မရခဲ့တဲ့
အကြွေစေ့လိုသတိရချက်က ခက်တယ်။
ဘ၀ပြေးလမ်းတစ်ဝက်တိတိ
ဆွဲထားတဲ့မျဉ်းဖြူလေးဟာ
မင်းပေါ့.........မင်းပဲပေါ့ လဲ့ဝင်းဝါ
ငါဟာ...
မျဉ်းသေကိုမှမြတ်နိုးမိခဲ့တယ်။

အောင်မှူးဝေ
၂၇.၂.၂၀၁၂

Tuesday, February 28, 2012

ဗိုလ်ချုပ်လမ်းပေါ်မှာ....



အထူးမျိုးချစ်စိတ်ရှိသည့်နေ့ရက်များဟူရ်ျမရှိ
သင်သည်
အခြားနေ့များထက်ပိုမိုထူးကဲရ်ျ
မျိုးချစ်စိတ်ရှိရမည့်နေ့များဟူရ်ျ မရှိ
သင့်ရင်ထဲ
ကျွန်ုပ်တို့နိုင်ငံတော်အလံကို
နေ့စဉ်လွှင့်ထူထားဖို့သာ
ကျွန်ုပ်ပြောလိုသည်။
          ၊၀ူဒရိုးဝီလ်ဆင်၊
၊အမေရိကန်သမ္မတ-၂၈၊

ဆိုးဝါးချက်က
အဖွဲ့အနွဲ့မှာစိတ်ကူးတွေကပ်ပါမသွားဘူး
ကော်သုတ်ထားတဲ့လက်ကိုင်ပုဝါလို
ဘ၀တစ်ခုလုံးတောင့်နေတယ်။
မီးပွိုင့်ကိုဖြတ်မောင်းလိုက်တာဟာ
အလံတော်ကိုမထီမဲ့မြင်ပြုလိုက်သလိုပဲ
ဈေးကလေးတွေကအငြိမ်မနေတတ်တော့လို့
နေ့တစ်နေ့နဲ့လိုက်တမ်းပြေးတမ်းကစားနေတယ်။
ပါမစ်အသစ်ကလေးဝတ်ဆင်လာတဲ့ကားတစ်စင်းလို
ရောဂါအသစ်တွေဝတ်ဆင်တတ်တဲ့မိန်းမ
အထူးကုဆေးရုံပေါ်မှာသွေးလိုတယ်ကြားတဲ့နေ့က
ပျားလိမ္မော်တွေဘယ်ဈေးလဲမေးမိတယ်။
ဈေးသည်က..
အခုမှ..အတောင်ပံပေါက်
အဘိဓာန်ထဲကခုန်ထွက်လာတဲ့စကားလုံးလိုမျိုး
ငါ့စကားကိုနားထောင်ပြီးတော့ပြုံးတမဲ့မဲ့
ဒီမီးပွိုင့်ကိုငါဖြတ်မောင်းရတော့မှာလား
သွေးရောစိတ်ရောနွေးလာတယ်။
အစ်ကိုကြီးရယ်...ကလေးအတွက်နို့မထွက်လို့ပါ
ခိုလေးတွေလည်းငါ့အနားမှာပျံဝဲနေကြတယ်
ရေတမာပင်ပေါ် သူတို့သွားမနားကြဘူး
ဘာလဲ ငါ့အရိပ်က ပိုအေးမယ်ထင်လို့လား။
ခင်ဝမ်းရဲ့ဧရာဝတီကိုနားထောင်နေဆဲခဏပဲ
ငါ့အရိပ်ကအေးချမ်းခဲ့ဖူးတယ်။
အရောင်တွေဝချင်တိုင်းဝနေတဲ့
စားပွဲတစ်ခုရှေ့ငါရပ်မိတော့
ငါဟာ
လူတစ်ယောက်ရဲ့သိမ်ငယ်ပိုင်ခွင့်အပြည့်နဲ့
မုန့်ပုံးကိုစားပွဲပေါ်တင်လိုက်ရ
ငါ...
လူတစ်ယောက်ဖြစ်ကြောင်းသေချာမှု ရှိ မရှိ
စစ်ဆေးနေတာလား
ငါကစက်ရုပ်မဟုတ်ဘူး ...ရုပ်အစစ်။
အဲဒီ ရုပ်အစစ်ကြီးနဲ့ပဲ ငါအိမ်ပြန်ခဲ့တယ်
နို့မထွက်တဲ့ညီမလေးရေ
ပျားလိမ္မော်စားကွယ့်
ငါ..
ပျားလိမ္မော်တွေဘယ်ဈေးလဲ ထပ်မေးမိပြန်တယ်။    ။
အောင်မှူးဝေ
၂၇.၂.၂၀၁၂







Sunday, February 26, 2012

လ မ်း သ ရဲ သ ကြ င်္န်














အသည်းထိတ်ရင်ဖို
ရွက်ဟောင်းလေးတွေကြွေတဲ့ရာသ
စိတ်ထဲကမှတ်ထားတဲ့နာမည်
ကြွေမသွား..။
စကားသံတွေက
ပိတောက်ကန္တာရမှာလမ်းသလားနေတယ်
ဧပရယ်လ်...။     ။
အောင်မှူးဝေ

Friday, February 24, 2012

လွမ်း ဇာ တ်.....(ကဗျာရှည်)


ပြန်တွေးတော့လည်းလွမ်းစရာ
ပြန်မတွေးတဲ့အခါလည်း
လွမ်းစရာဖြစ်တာပဲ
လီနင်ဂရက်ကို
ဂျာမန်တွေရက်-၉၀၀ ၀ိုင်းခဲ့သလို
ကဗျာဆရာတွေကို
လောကဓံ -၁၈၀၀၀၀ိုင်းခဲ့တယ်။
မြန်မာ့တန်ခိုးနဲ့
နှစ်ဆတိုးပြီးတော့ရုန်းကန်ကြ
ကြယ်ပြာကလေးတောင်
လင်းလက်ရာကနေသွေးဆုတ်သွား
အသင်လူသား
မျောက်တွေတောင်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ
ဒူးထောက်ရာကထပါလော့
အဆင်းရဲဆုံးနိုင်ငံဖြစ်လိုက်ပုံတော့
လိုက်နာကျင့်သုံးစရာ
ဥပဒေတောင်မှမရှိဘူး-စသဖြင့်
ရင်နာဖွယ်ရာဟာသတွေ
ကဗျာစာအုပ်ထဲကိုမောင်းမောင်းသွင်းနေမိ
××××××××××××××××××××××××××××××××
ငါက
ဒီဇာတ်လမ်းကို
အစ-အဆုံးမှတ်တမ်းပြုသူမျှသာ
ဇာတ်လမ်းရဲ့စနေထောင့်ကသေနတ်သံဟာ
ငါနဲ့လုံးဝမသက်ဆိုင်ပါကြောင်း..။
×××××××××××××××××××××××××××××××××××
ခက်လိုက်တာ
ခံစားမှုတွေတောပြုန်းသွားပုံများ
ငါ့ကိုယ်ငါပြန်လွမ်းမိတောင်
အရသာမရှိတော့ဘူး။
တစ်ယောက်အမောကို
နောက်တစ်ယောက်ကပြောပြီး
အမောဖြေရတဲ့ပတ်ဝန်းကျင်ဟာ
ကဗျာဆရာတွေရဲ့တောအုပ်ဖြစ်တယ်
ငါတို့
ဒီလိုပဲကြည်နူးခဲ့ကြတယ်။
ကြယ်မစုံတဲ့မြစ်ပြင်မှာ
ကိုယ့်အလင်းနဲ့ကိုယ်လှော်ခတ်ရင်း
ငါတို့နွေဦးဟာတက်ကျိုးခဲ့တာပဲ
ဖင်လန်သမ္မတ
လူပျိုကြီးမင်္ဂလာဆောင်သလို
ဝိုင်ချိုလည်းမင်္ဂလာဆောင်ချင်ပေလိမ့်မယ်
ရုရှားသူတွေဗော့ဒ်ကာနဲ့လက်ထပ်သလို
တိုးနှောင်မိုးလည်း
လမ်း၄၀ထိပ်က
မြို့ပြမိဖြူနဲ့လက်ထပ်တယ်
အလွမ်းဖြူဖြူတွေပဲလားသူငယ်ချင်း။
×××××××××××××××××××××××××××××××××
ထရီဇာ..လို့
နွေးနေတဲ့ရင်ငွေ့ကိုသွန်းထုရင်းငါကမျောနေချိန်
သစ္စာမဲ့သစ္စာပန်းလေးတွေရဲ့ရယ်သံက
ငါ့ဦးနှောက်ကိုလောင်မြိုက်ခဲ့
ဘ၀အကြောင်းတရားကလည်း
လွယ်အိတ်မီးလောင်စော်နံနေတုန်း။
ကဗျာဆရာဆိုတာ
သူ့စာမျက်နှာအတိုင်းရဲရင့်ခဲ့သူပါ။
ကဗျာဆရာဟာ
သူ့ရဲ့ရဲရင့်မှုကြောင့်ပဲ
အားလုံးကိုကောင်းစားစေလိုတဲ့
သူရဲကောင်းဖြစ်တယ်။
ကဗျာဆရာဟာ
နှင်းဆိပ်သင့်ထားတဲ့ မီးလင်းဖိုလေးမဟုတ်ခဲ့တာ
အမှားလား..။
ကိုယ့်သဘောနဲ့ကိုယ်
သော့ခတ်ထားတဲ့အိမ်ပြန်ချိန်တွေထဲ
ခြေရာကောက်ခြင်းငှာမစွမ်းသာတဲ့ဝေါဟာရဟာ
ကဗျာဆရာရဲ့မိသားစုပါပဲ။
ခြောက်သွေ့မှုချင်းပေါင်းစပ်ပြီး
စိုထိုင်းအေးစက်လာတတ်တဲ့
အစ္စရေးကန္တာရစိုက်ခင်းလေးတွေလို
ကဗျာဆရာအချင်းချင်းဟာလည်း
နှစ်ရှည်ပူးပေါင်းစိမ်းလန်းတတ်ခဲ့ကြ။
ဇာတ်နိပါတ်ထဲခဏခဏသွားပြီး
အင်ကြင်းပန်းကိုလွမ်းနေသူကြီးတစ်ယောက်အကြောင်း
ပြောရင်
မိုးမိထားတဲ့ကဗျာစာအုပ်လေးကိုပြဋ္ဌာန်းကျမ်းစာလို
သွားလေရာကိုသယ်ဆောင်သွားတတ်ရင်
ကျောနံပါတ် ၀ိုင်ချိုပဲ။
ကိုယ့်ကဗျာထက်ပိုပြီးဒီနေ့နည်းနည်းများသွားတယ်
ဒီစကားစုပိုင်ရှင်ကတော့
အသင်းခေါင်းဆောင်တိုးနှောင်မိုး
မငြိမ်းနိုင်တဲ့တော်လှန်ရေးဝါကျတစ်စုံ
ငါတို့ကွင်းထဲဝင်လာရင်
အောင်ရင်ငြိမ်းပဲ
ငါတို့အားလုံ့း
ကိုယ့်အပြုံးနဲ့ကိုယ်သရေပွဲအဖြစ်ရှုံးခဲ့ကြ။
ငါတို့ကဗျာဆရာတွေ
စိမ်းကားမှုနဲ့အပစ်အခတ်ရပ်စဲရေး
အော်ဟစ်ဆွေးနွေးပြီးတဲ့နောက်
ခင်ဇော်မြင့်ရဲ့တောင်သမန်မှာဆုံကြမယ်
မောင်သိန်းဇော်ရဲ့ရှုမျှော်ခင်းဆီအရောက်
ကိုချောရဲ့ကိုက်လမ်းလေးအတိုင်း
လျှောက်ဝင်သွားကြမယ်။
ကဗျာဆရာဆိုတာ
ကဗျာရဲ့ကိုလိုနီသဘောက်တွေပေါ့ကွာ
ရင်ခုန်သံနဲ့အက္ခရာတွေကိုကောက်သင်းကောက်လိုက်တိုင်း
အဆင်မပြေမှုကမီးဟုန်းဟုန်းတောက်ပြန်တယ်။
ကဗျာဆရာဟာ
ကိုယ့်အရိပ်နဲ့ကိုယ်
ဘယ်တော့မှစီးချင်းမထိုးဘူး
ကဗျာဆရာဆိုတာ
လွတ်လပ်ချိုမြိန်တဲ့အသိတရားတွေနဲ့
လောကကြီးအတွက်မွေးဖွားလာကြတာ။
ကဗျာဆရာတွေရဲ့ဘ၀က
လွယ်ကူစွာရှုပ်ထွေးနေတဲ့အခြင်းအရာ။
နှစ်ကာလထဲက
အလိုက်သင့်ထွက်လာတဲ့နေ့စွဲဥယျာဉ်မှာ
အေးအေးလူလူသီးဆဲသစ်သီးတွေဟာ
ကဗျာဆရာတွေရဲ့အိပ်မက်ပေါ့
အေးအတွက်သစ္စာတရားတွေပွေ့ပိုက်ပြီး
အေးနေတဲ့မြောင်းထဲထိုးကျသွားတယ် ၀ိုင်ချို။
အရည်ပြားထဲစိအ့်စိမ့်ပြီးချမ်းတဲ့အရည်တွေ
သူသောက်နေတုန်းပဲ။
×××××××××××××××××××××××××××××××
ကဗျာဆရာတွေ
ရူဘီမားကက်မှာ
ကိုမိုဃ်းဇော်နဲ့ကော်ဖီသောက်ကြတဲ့နေ့က
ကိုယ်စီကိုယ်စီစကားလုံးတွေထဲ
စိန်ခြယ်ပန်းများမွှေးခဲ့။
အဲဒီပန်းတွေ
ကိုရွေးရဲ့ရေတံခွန်နားကခူးခဲ့တာ။
ကျည်ဆံရထားလို
များများမြန်မြန်ပြေးနေတဲ့ကဗျာအကြောင်းတော့
စိုင်းဝင်းမြင့်ဥပဒေအတိုင်း
နားနားပြီးပြောရတယ်။
ကဗျာဆရာတွေရဲ့သစ္စာတရားက မိုးဝေး
သူပဲအကြမ်း  သူပဲအချော။
လက်ရှိ
လမ်းဖြတ်ကူးနေတဲ့ကဗျာတွေကိုတွေ့ကြရဲ့လား
အရပ်လေးမျက်နှာ
အကြည့်တွေထိမှန်သွားနေတယ်။
ငါ့ဆန္ဒကဆင်းရဲပါတယ်
မောင်ကိုမောင်ရဲ့
ပလိုင်းထဲထည့်ဆောက်တဲ့အိမ်ကလေးမှာနေချင်တာ
ကဗျာဖတ်သူမမတစ်ယောက်နဲ့
အသက်ရှူသံချင်းဆက်သွယ်ကြည့်ချင်တာ
လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက
အသက်ကြီးပုကဗျာလေးတွေကို
စိတ်ကူးနဲ့ကောက်သီကြည့်ချင်တာ
လက်ဝယ်ပိုင်ဆိုင်မှုက
ဆန္ဒထက်အမြဲတမ်းနည်းခဲ့တယ်။
×××××××××××××××××××××××××××××××××××××××
အခု...
ကဗျာဆရာတွေ ဆူးလေလမ်းပေါ်မှာ
ခရေကိုင်းမှာချိတ်ထားတဲ့မျက်လုံးက
ငါတို့ရဲ့စကားလုံးတွေကိုဘယ်မြင်မလဲ
သူလည်းသစ်ရွက်တွေနဲ့ရောစိမ်းနေခဲ့တာ။
ဆူးလေလမ်းဟာ
သက်ချာဝါဒကိုနားမလည်ဘူး
ရေဂင်စီးပွားရေးဝါဒကိုမသိဘူး
အသက်ကယ်အင်္ကျီအရင်းရှင်စံနစ်ကိုမသိဘူး
ဆူးလေလမ်းဟာ
တိုးရစ်တွေကို ပဲပို့စ်ကဒ်ရောင်းတတ်တယ်။
ဆူးလေလမ်းဟာ
လူတွေဖြတ်ကူးဖို့
ရာဇ၀င်မျဉ်းကြားနဲ့။
လုပ်သားပြည်သူတိုင်း
တပြေးညီသောတဆင်စရာ
လက်လုပ်လက်စားသီချင်းနဲ့။
ဆူးလေလမ်းဟာ
ဘီအမ်ကားစပယ်ယာပါးစပ်နဲ့
ရန်ကုန်ကိုစာလုံးပေါင်းပြနေတဲ့လမ်း
ကဗျာတချို့
သွားလမ်းမသာပေမယ့်
လာလမ်းတော့ဖြောင့်ခဲ့တယ်။
ကဗျာဆရာဟာ
ဘတ်ဂျက်ကျွမ်းကျင်သူမဟုတ်တဲ့အတွက်
ဝင်ငွေထွက်ငွေမညီဘူး။
ဘာပဲဖြစ်ဖြစ်ကဗျာကို
သွေးတစ်စက်ထဲကျန်သည်အထိ
ငါတို့ကာကွယ်သွားကြမယ်။     ။
(ကဗျာဆရာများနှင့်မဆွေးမြေ့သောနေ့စွဲများသို့..................)

အောင်မှူးဝေ
24.2.2012

တင်မိုး

တင်မိုး (၁၉၃၃-၂၀၀၇)

မန္တလေးတက့္ကသိုလ် ကလောင်ရှင်အသင်းက ထင်ရှားလာတဲ့ ကဗျာဆရာကြီး။
အမည်ရင်း ဦးဘဂျမ်းဖြစ်ပြီး အဖ ဦးဘအို အမိဒေါ်စံထယ်တို့က မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲရွာမှာ ၁၉၃၃ နိုဝင်ဘာ ၁၉ ရက်မှာ မွေးပါတယ်။ ဇဂျမ်းတိုင်းရင်းမြန်မာအလယ်တန်းကျောင်း၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစရကျောင်း၊ ပခုက္ကူဦးခင်မောင်ကြီး ကျူရှင်ကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းစာမေးပွဲကို ရေစကြိုအစိုးရအထက်တန်းကျောင်းက အောင်မြင်ပါတယ်။
၁၉၅၇ မှာ မန္တလေးတက္ကသိုလ်မှာ စပြီး ပညာသင်ပါတယ်။၁၉၆၅ မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဖာဘွဲ့ရပါတယ်။
အမျိုးသားစာဆိုလို့ အများက သတ်မှတ်လက်ခံကြတဲ့ ကဗျာဆရာကြီး တင်မိုး
၁၉၅၀ မှာ မန္တလေးထုတ် ဗဟိုစည် သတင်းစာမှာ ၀ါကျွတ်သဘင် ကဗျာ ကို ကန်မြဲသက်နှင်း ကလောင်အမည်နဲ့ ရေးပြီး ၁၉၅၁ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်မဂ္ဂဇင်းမှာ ကန်မြဲနန်းမြင့်နွယ် ကလောင်အမည်နဲ့ လယ်ထဲက တေးသံချို ကဗျာကို ရေးခဲ့ပါတယ်။ ၁၉၅၅-၅၈ ကိုရင်ဂျမ်း၊ စန်းရောင် ကလောင်အမည်တွေနဲ့ ကဗျာရေးခဲ့ပြီး ၁၉၅၈ ကစပြီး တင်မိုး ကလောင်နာမည်ကို သုံးခဲ့ပါတယ်။
၁၉၅၈-၅၉ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဒုတိယဥက္ကဌ၊ ၁၉၆၀ မှာ ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ၁၉၅၉ ဖေဖော်ဝါရီလမှာ ဖန်မီးအိမ်ကဗျာစာအုပ်ကို မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း စာစဉ် စာအုပ်အမှတ် ၁ အဖြစ်ထုတ်ဝေပါတယ်။ ဒီစာအုပ်နဲ့ စာပေဗိမာန် ဆုရပါတယ်။ မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း-ရှု။
၁၉၆၃-၆၇ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်။ ၁၉၆၅ ဖန်မီးအိမ်စာအုပ်တိုက်၊ ၁၉၆၆-၆၇ မှာ လူထုသတင်းစာ ကဗျာ အယ်ဒီတာအဖြစ်ောဆင်ရွက်ခဲ့ပါတယ်။ ၁၉၆၇-၈၇ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာန စာပြုနဲ့ လက်ထောက် အယ်ဒီတာအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၆၇-၈၄ အခြေခံပညာ သင်ရိုးညွှန်းတမ်း မြန်မာစာသင်ရိုးအဖွဲ့ဝင်အဖြစ် ကျောင်းသုံးမြန်မာဖတ်စာ စာမူရွေးခြယ်ခြင်း ရေးသားခြင်းပြုလုပ်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်မှာ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆု ရပါတယ်။
၁၉၈၈ မှာ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတ်သိပညာရှင်များအဖွဲ့တွင် ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ကနေ ၁၉၉၅ အထိ စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
၁၉၅၈ မှာ ပန်းလက်ဆောင်၊ ၁၉၅၉ မှာ ဖန်မီးအိမ်၊ ၁၉၆၃ မှာ လှေတစင်းနဲ့ သီချင်းသည်၊ ၁၉၆၄ မှာ အဖိုးက၀ိ ကဗျာများ၊ ၁၉၆၅ အှာ အမေ့ကျောင်း၊ ၁၉၆၆ မှာ လူလေးကြီးရင် ဘာလုပ်မယ်၊ ၁၉၆၇ မှာ ပန်းဈေးခင်း၊ ၁၉၆၉ မှာ စိမ်းလန်းသောအိပ်မက်၊ ၁၉၆၉ မှာ ပိတောက်မှသရဖီ၊ ၁၉၇၀ ထီးကလေးနဲ့ မနီ၊ ၁၉၇၂ မှာ ဆီးသီးသည် မဗျိုင်း၊ ၁၉၇၂ မှာ ခုနှစ်စဉ်ကြယ်၊ ၁၉၇၃ မှာ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်းနဲ့ ပိျုးခင်းတေးသံ၊ ၁၉၇၅ မှာ ပူစီ၊ ၁၉၇၇ မှာ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ ကိုရင်ဂျမ်း အစမ်းစာ၊ ကလေးကဗျာပန်းဥယျာဉ်၊ ၁၉၉၇ မှာ ကံ့ကော်ရိပ်မှ အိပ်မက်များ၊ ၁၉၉၈ မှာ ကန္တာရနှစ်များ ကဗျာစာအုပ်တွေ ရေးသားထုတ်ဝခဲ့ပါတယ်။
၁၉၉၉ မှာ ပြည်ပကို ထွက်ခွါခဲ့ပြီး ကဗျာပေါင်းချုပ်အပါအ၀င် ကဗျာစာအုပ် ၅ အုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။
၁၉၉၉ ကနေ ၂၀၀၇ ခုနှစ် အထိ ပြည်ပအခြေစိုက် BBC, RFA, VOA မြန်မာရေဒီယိုတွေနဲ့ စာနယ်ဇင်း အင်တာနက်စာမျက်နှာတွေမှာ စာကဗျာရေးသားခြင်း များပြုလုပ်ခဲ့ပါတယ်။
၂၀၀၂ မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က Hellman-Hammett Grant ဆု၊ ၂၀၀၄ အောက်တိုဘာမှာ နယ်သာလန်နိုင်ငံက Prince Claus Award စာပေဆုတို့ကို ချီးမြင့်ခံရပါတယ်။
၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ကွယ်လွန်ခဲ့ပါတယ်။
Advertisement

One Response to တင်မိုး (၁၉၃၃-၂၀၀၇)

  1. nyanek says:
    ဆရာကြီးလို ပုဂိုလ်မျိုး ကျနော်တို့  တသက်တော့ ထပ်တွေ့ ဘို့  မလွယ်တော့ပါဘူးဗျာ။ တကယ်လေးစားကြည်ညိုထိုက်သူပါ။

Leave a Reply

Fill in your details below or click an icon to log in:
ပြန်တွေးတော့လည်းလွမ်းစရာ
ပြန်မတွေးတဲ့အခါလည်း
လွမ်းစရာဖြစ်တာပဲ
လီနင်ဂရက်ကို
ဂျာမန်တွေရက်-၉၀၀ ၀ိုင်းခဲ့သလို
ကဗျာဆရာတွေကို
လောကဓံ -၁၈၀၀၀၀ိုင်းခဲ့တယ်။
မြန်မာ့တန်ခိုးနဲ့
နှစ်ဆတိုးပြီးတော့ရုန်းကန်ကြ
ကြယ်ပြာကလေးတောင်
လင်းလက်ရာကနေသွေးဆုတ်သွား
အသင်လူသား
မျောက်တွေတောင်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ
ဒူးထောက်ရာကထပါလော့
အဆင်းရဲဆုံးနိုင်ငံဖြစ်လိုက်ပုံတော့
လိုက်နာကျင့်သုံးစရာ
ဥပဒေတောင်မှမရှိဘူး-စသဖြင့်
ရင်နာဖွယ်ရာဟာသတွေ
ကဗျာစာအုပ်ထဲကိုမောင်းမောင်းသွင်းနေမိ
××××××××××××××××××××××××××××××××
ငါက
ဒီဇာတ်လမ်းကို
အစ-အဆုံးမှတ်တမ်းပြုသူမျှသာ
ဇာတ်လမ်းရဲ့စနေထောင့်ကသေနတ်သံဟာ
ငါနဲ့လုံးဝမသက်ဆိုင်ပါကြောင်း..။
×××××××××××××××××××××××××××××××××××
ခက်လိုက်တာ
ခံစားမှုတွေတောပြုန်းသွားပုံများ
ငါ့ကိုယ်ငါပြန်လွမ်းမိတောင်
အရသာမရှိတော့ဘူး။
တစ်ယောက်အမောကို
နောက်တစ်ယောက်ကပြောပြီး
အမောဖြေရတဲ့ပတ်ဝန်းကျင်ဟာ
ကဗျာဆရာတွေရဲ့တောအုပ်ဖြစ်တယ်
ငါတို့
ဒီလိုပဲကြည်နူးခဲ့ကြတယ်။
ကြယ်မစုံတဲ့မြစ်ပြင်မှာ
ကိုယ့်အလင်းနဲ့ကိုယ်လှော်ခတ်ရင်း
ငါတို့နွေဦးဟာတက်ကျိုးခဲ့တာပဲ
ဖင်လန်သမ္မတ
လူပျိုကြီးမင်္ဂလာဆောင်သလို
ဝိုင်ချိုလည်းမင်္ဂလာဆောင်ချင်ပေလိမ့်မယ်
ရုရှားသူတွေဗော့ဒ်ကာနဲ့လက်ထပ်သလို
တိုးနှောင်မိုးလည်း
လမ်း၄၀ထိပ်က
မြို့ပြမိဖြူနဲ့လက်ထပ်တယ်
အလွမ်းဖြူဖြူတွေပဲလားသူငယ်ချင်း။
×××××××××××××××××××××××××××××××××
ထရီဇာ..လို့
နွေးနေတဲ့ရင်ငွေ့ကိုသွန်းထုရင်းငါကမျောနေချိန်
သစ္စာမဲ့သစ္စာပန်းလေးတွေရဲ့ရယ်သံက
ငါ့ဦးနှောက်ကိုလောင်မြိုက်ခဲ့
ဘ၀အကြောင်းတရားကလည်း
လွယ်အိတ်မီးလောင်စော်နံနေတုန်း။
ကဗျာဆရာဆိုတာ
သူ့စာမျက်နှာအတိုင်းရဲရင့်ခဲ့သူပါ။
ကဗျာဆရာဟာ
သူ့ရဲ့ရဲရင့်မှုကြောင့်ပဲ
အားလုံးကိုကောင်းစားစေလိုတဲ့
သူရဲကောင်းဖြစ်တယ်။
ကဗျာဆရာဟာ
နှင်းဆိပ်သင့်ထားတဲ့ မီးလင်းဖိုလေးမဟုတ်ခဲ့တာ
အမှားလား..။
ကိုယ့်သဘောနဲ့ကိုယ်
သော့ခတ်ထားတဲ့အိမ်ပြန်ချိန်တွေထဲ
ခြေရာကောက်ခြင်းငှာမစွမ်းသာတဲ့ဝေါဟာရဟာ
ကဗျာဆရာရဲ့မိသားစုပါပဲ။
ခြောက်သွေ့မှုချင်းပေါင်းစပ်ပြီး
စိုထိုင်းအေးစက်လာတတ်တဲ့
အစ္စရေးကန္တာရစိုက်ခင်းလေးတွေလို
ကဗျာဆရာအချင်းချင်းဟာလည်း
နှစ်ရှည်ပူးပေါင်းစိမ်းလန်းတတ်ခဲ့ကြ။
ဇာတ်နိပါတ်ထဲခဏခဏသွားပြီး
အင်ကြင်းပန်းကိုလွမ်းနေသူကြီးတစ်ယောက်အကြောင်း
ပြောရင်
မိုးမိထားတဲ့ကဗျာစာအုပ်လေးကိုပြဋ္ဌာန်းကျမ်းစာလို
သွားလေရာကိုသယ်ဆောင်သွားတတ်ရင်
ကျောနံပါတ် ၀ိုင်ချိုပဲ။
ကိုယ့်ကဗျာထက်ပိုပြီးဒီနေ့နည်းနည်းများသွားတယ်
ဒီစကားစုပိုင်ရှင်ကတော့
အသင်းခေါင်းဆောင်တိုးနှောင်မိုး
မငြိမ်းနိုင်တဲ့တော်လှန်ရေးဝါကျတစ်စုံ
ငါတို့ကွင်းထဲဝင်လာရင်
အောင်ရင်ငြိမ်းပဲ
ငါတို့အားလုံ့း
ကိုယ့်အပြုံးနဲ့ကိုယ်သရေပွဲအဖြစ်ရှုံးခဲ့ကြ။
ငါတို့ကဗျာဆရာတွေ
စိမ်းကားမှုနဲ့အပစ်အခတ်ရပ်စဲရေး
အော်ဟစ်ဆွေးနွေးပြီးတဲ့နောက်
ခင်ဇော်မြင့်ရဲ့တောင်သမန်မှာဆုံကြမယ်
မောင်သိန်းဇော်ရဲ့ရှုမျှော်ခင်းဆီအရောက်
ကိုချောရဲ့ကိုက်လမ်းလေးအတိုင်း
လျှောက်ဝင်သွားကြမယ်။
ကဗျာဆရာဆိုတာ
ကဗျာရဲ့ကိုလိုနီသဘောက်တွေပေါ့ကွာ
ရင်ခုန်သံနဲ့အက္ခရာတွေကိုကောက်သင်းကောက်လိုက်တိုင်း
အဆင်မပြေမှုကမီးဟုန်းဟုန်းတောက်ပြန်တယ်။
ကဗျာဆရာဟာ
ကိုယ့်အရိပ်နဲ့ကိုယ်
ဘယ်တော့မှစီးချင်းမထိုးဘူး
ကဗျာဆရာဆိုတာ
လွတ်လပ်ချိုမြိန်တဲ့အသိတရားတွေနဲ့
လောကကြီးအတွက်မွေးဖွားလာကြတာ။
ကဗျာဆရာတွေရဲ့ဘ၀က
လွယ်ကူစွာရှုပ်ထွေးနေတဲ့အခြင်းအရာ။
နှစ်ကာလထဲက
အလိုက်သင့်ထွက်လာတဲ့နေ့စွဲဥယျာဉ်မှာ
အေးအေးလူလူသီးဆဲသစ်သီးတွေဟာ
ကဗျာဆရာတွေရဲ့အိပ်မက်ပေါ့
အေးအတွက်သစ္စာတရားတွေပွေ့ပိုက်ပြီး
အေးနေတဲ့မြောင်းထဲထိုးကျသွားတယ် ၀ိုင်ချို။
အရည်ပြားထဲစိအ့်စိမ့်ပြီးချမ်းတဲ့အရည်တွေ
သူသောက်နေတုန်းပဲ။
×××××××××××××××××××××××××××××××
ကဗျာဆရာတွေ
ရူဘီမားကက်မှာ
ကိုမိုဃ်းဇော်နဲ့ကော်ဖီသောက်ကြတဲ့နေ့က
ကိုယ်စီကိုယ်စီစကားလုံးတွေထဲ
စိန်ခြယ်ပန်းများမွှေးခဲ့။
အဲဒီပန်းတွေ
ကိုရွေးရဲ့ရေတံခွန်နားကခူးခဲ့တာ။
ကျည်ဆံရထားလို
များများမြန်မြန်ပြေးနေတဲ့ကဗျာအကြောင်းတော့
စိုင်းဝင်းမြင့်ဥပဒေအတိုင်း
နားနားပြီးပြောရတယ်။
ကဗျာဆရာတွေရဲ့သစ္စာတရားက မိုးဝေး
သူပဲအကြမ်း  သူပဲအချော။
လက်ရှိ
လမ်းဖြတ်ကူးနေတဲ့ကဗျာတွေကိုတွေ့ကြရဲ့လား
အရပ်လေးမျက်နှာ
အကြည့်တွေထိမှန်သွားနေတယ်။
ငါ့ဆန္ဒကဆင်းရဲပါတယ်
မောင်ကိုမောင်ရဲ့
ပလိုင်းထဲထည့်ဆောက်တဲ့အိမ်ကလေးမှာနေချင်တာ
ကဗျာဖတ်သူမမတစ်ယောက်နဲ့
အသက်ရှူသံချင်းဆက်သွယ်ကြည့်ချင်တာ
လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက
အသက်ကြီးပုကဗျာလေးတွေကို
စိတ်ကူးနဲ့ကောက်သီကြည့်ချင်တာ
လက်ဝယ်ပိုင်ဆိုင်မှုက
ဆန္ဒထက်အမြဲတမ်းနည်းခဲ့တယ်။
×××××××××××××××××××××××××××××××××××××××
အခု...
ကဗျာဆရာတွေ ဆူးလေလမ်းပေါ်မှာ
ခရေကိုင်းမှာချိတ်ထားတဲ့မျက်လုံးက
ငါတို့ရဲ့စကားလုံးတွေကိုဘယ်မြင်မလဲ
သူလည်းသစ်ရွက်တွေနဲ့ရောစိမ်းနေခဲ့တာ။
ဆူးလေလမ်းဟာ
သက်ချာဝါဒကိုနားမလည်ဘူး
ရေဂင်စီးပွားရေးဝါဒကိုမသိဘူး
အသက်ကယ်အင်္ကျီအရင်းရှင်စံနစ်ကိုမသိဘူး
ဆူးလေလမ်းဟာ
တိုးရစ်တွေကို ပဲပို့စ်ကဒ်ရောင်းတတ်တယ်။
ဆူးလေလမ်းဟာ
လူတွေဖြတ်ကူးဖို့
ရာဇ၀င်မျဉ်းကြားနဲ့။
လုပ်သားပြည်သူတိုင်း
တပြေးညီသောတဆင်စရာ
လက်လုပ်လက်စားသီချင်းနဲ့။
ဆူးလေလမ်းဟာ
ဘီအမ်ကားစပယ်ယာပါးစပ်နဲ့
ရန်ကုန်ကိုစာလုံးပေါင်းပြနေတဲ့လမ်း
ကဗျာတချို့
သွားလမ်းမသာပေမယ့်
လာလမ်းတော့ဖြောင့်ခဲ့တယ်။
ကဗျာဆရာဟာ
ဘတ်ဂျက်ကျွမ်းကျင်သူမဟုတ်တဲ့အတွက်
ဝင်ငွေထွက်ငွေမညီဘူး။
ဘာပဲဖြစ်ဖြစ်ကဗျာကို
သွေးတစ်စက်ထဲကျန်သည်အထိ
ငါတို့ကာကွယ်သွားကြမယ်။     ။
(ကဗျာဆရာများနှင့်မဆွေးမြေ့သောနေ့စွဲများသို့..................)

အောင်မှူးဝေ
24.2.2012



























Monday, February 20, 2012

ငြိနေတဲ့အကြည့်တွေအကြောင်း..အောင်မှူးဝေ


 အိုအောင်မင်းအောင်မပေါင်းရချင်ေ

အိုအောင်မင်းအောင်တော့ကောင်းစေချင်ပါတယ်

စိတ်ကိုပစ်ချလိုက်တဲ့အခါ

ပျော်ရွှင်မှုဟာကျတဲ့နေရာမှာငြိမ်နေဖို့

တစ်ခါတစ်ရံ

အကြောင်းတစ်မျိုးမျိုးပြပြီးငိုရတယ်

ဆွံ့အသွားတဲ့ငိုသံမှာ

အချစ်ကအကြောင်းတရားပါပဲ။

တစ်နေ့လုံးလည်နေတဲ့ဘီးမှာ

အတွေးဟာ ပလတ်စတစ်အိတ်နဲ့အတူတူ

ငြိပြီးလည်နေတယ်

နေ၀င်သွားတာတောင်

ငိုသံတွေက၀င်မသွားတော့

ထွက်လို့ရသလောက်

ဒေါသတွေပဲထွက်လာ

ပွင့်ချလိုက်တဲ့အကြည့်တိုင်း

ဒဏ်ရာတစ်ခုထဲသင်းပျံ့တယ်

ငါ..

တစ်ကပြန်စလိုက်ရင်ကောင်းမလား

အနက်ရောင်ရင်ကွဲစကတ်ကလေးက

ငါ့အာရုံကိုပြဋ္ဌာန်းထားတာဟာ

မီးသဂြိုဟ်စက်ထဲရောက်နေတဲ့

ဂျူးပေါက်စလေးလိုဖြစ်နေခဲ့

ပူလောင်မှုက

သံသရာနဲ့ပြိုင်နေပြီ။ ။



အောင်မှူးဝေ

သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ



မမက ခဏလေးပျော်စရာတွေပေးပြီး

အဝေးကိုထွက်ထွက်သွား

သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
ပြန်မလာတော့ဘူးဆိုလည်းအမှတ်မရှိတဲ့စိတ်က
 
ဒဏ်ရာတွေကိုမှသာယာမိနေသလိုမျိုး
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
ခပ်၀၀ကောင်မလေးတွေနဲ့ဖျပ်ခနဲဆုံမိတိုင်း
 
အကြည့်ကတစ္ဆေခြောက်နေတယ်
 
မမလား...မသေချာဘူး
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
စိတ်ကလမ်းမှန်ပေါ်သွားပါလား
 
ပြောမရဘူး
 
မမနှုတ်ခမ်းလေးတွေကိုပဲလွမ်းနေမိ
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
လသာညတိုင်း အော်ခေါ်နေတဲ့နာမည်မှာမမရနံ့လေးတွေ စွန်းပေလို့
 
အိပ်ရာတွေလည်းမမအကြောင်းအိပ်မက်တွေနဲ့တွန့်ကြေလို့
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
မမကို သိပ်ချစ်တယ်သိပ်လွမ်းတယ်
 
သတိရတိုင်း မက်ဆေ့ခ်ျအဟောင်းတွေကိုပဲပြန်ပြန်ကြည့်နေမိ
 
မမနေကောင်းတယ်မဟုတ်လား။     ။

(မ  မ  သို့---------------------)
 
အောင်မှူးဝေ

Friday, February 17, 2012

ကြွေဒါကိုက ပွင့်ခြင်းပဲ-မောင်ချောနွယ်


 ·
 ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့်ဝေလွင်နေမှာဘဲ။
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင်နေမှာဘဲ။
ကဲ ….. ခြွေစမ်းပါဦး
လေရူးလေနော့ ၊ သော့နှင်မဆုံး
လေသင်ဓုန်းလား ၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ ၊ မြေမှာကြွေအောင်
မွချွေစမ်းပါ ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ ။
ပန်းအဘိဓမ္မာ
ဒါပါပဲလေ ၊ ချွေလို့ ကြွေကြွေ
ကြွေလို့ နေနေ ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။


မောင်ချောနွယ်

ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ--မောင်ချောနွယ်


ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ


မနက်လင်းလို့  အိပ်ရာနိုးတော့
သတင်းစာ အဆင်သင့်ရောက်နေလို့ 
ကောက်ဖတ်ကြည့်လိုက်တော့
ငါ့နာရေးသတင်းကို တွေ့ ရတယ်။

''ကဗျာဆရာ မောင်ချောနွယ်
အသက်ငါးဆယ် ကွယ်လွန်သွားပါသဖြင့်
အကြောင်းကြားအပ်ပါသည်''
ဟာ ...
မဟုတ်တာ ငါ ဘယ်တုန်းက သေလို့ တုန်း
ငါ အသက်ရှင်နေတုန်းကြီးပါ
ဘယ်လိုလဲ
အခုကိုပဲ သတင်းစာဖတ်နေတုန်းပါ
ဘယ်လိုလဲ
အရာရာဟာ မှားယွင်းခဲ့ပြီလား
ငါ့ကိုယ်ငါ လက်နဲ့ ပွတ်သပ်မိတုန်း
အသံတစ်သံ အခန်းထဲဝင်လာ
"အစ်ကိုကြီး ပုလင်းရောင်းမလား"
သေချာပြီ
ဒီအသံဟာ ငါအသက်ရှင်နေကြောင်းပြတဲ့အသံ
''အေး ... ဝင်ခဲ့
ဟောဒီမှာရှိတဲ့ ပုလင်းတွေ
အကုန်လုံး အလကားယူသွား
ငါမရောင်းဘူး
ငါ့အသက်ကို ငါမရောင်းဘူး''


မောင်ချောနွယ်
ရနံ့ သစ်

မောင်ချောနွယ်- ရထား

ရထား

by မောင်ချောနွယ် on Monday, December 20, 2010 at 2:12pm ·
အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို့
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။

ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့၊
အထီးကျန်ရဲတိုက်ကို
ထားခဲ့၊
လေတွေနဲ့အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့၊
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့၊
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့၊
ရထားလာခဲ့ပြီ။


လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊


အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့၊


အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။


အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊


အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊


အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊


အဲသည်မှာက
ကမ္ဘာမြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး -
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
ရှိသပေါ့၊


အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊


ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့ ၊


ရထားက
အဲသည်မှာ ပျော်တယ်ပေါ့ ၊

ရထားရင်ခေါင်းထဲ
ဘယ်လိုရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး၊


ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။


ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊


အဲသည်လူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ၊


ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊


နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊


မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ၊


ဆယ်ဘ၀ပြောင်လည်း
သစ္စာမရနိုင်သူလည်းပါရှိ၊


အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ၊


“ငွေကို ရေချိုးချမှ ရောဂါပျောက်တယ်ဗျ” လို့ပြောပြီး
အမှန်တကယ်
နလန်ထလာသူလည်း ပါရှိ၊


ကားလည်းမရှိ အိမ်လည်းမရှိ
အင်္ကျီလည်းမရှိ
မရှိသူလည်းပါရှိ၊


မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းလိုက်တဲ့ မိန်းမလည်းပါရှိ၊
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်းပါရှိသပေါ့၊


ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရှိ၊


ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ၊
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ၊

ကမ္ဘာသုံး ဘာသာစကားပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့သူလည်းပါရှိ၊


ကြေးစားဘ၀မှာ နူဝဲသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ၊

မုဆိုးခြုံက မယားနဲ့ကွဲနေသူလည်းပါရှိ၊


နွားခိုးဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။


ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင် မျက်ရည်လည်းပါရှိ


ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ


ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ


ရထားဟာ
ရွှေဘိုမြင်းပေါက်စတွေကိုလည်း
သယ်ဆောင်လာခဲ့ရ


ရထားဟာ
ကြက်ခြင်းနဲ့ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ


ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ


ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ


ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ


ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောက်လာခဲ့ရ


ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေကိုပါ
သူပြန်တင်ဆောင်ခဲ့ရ


ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသာတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ


ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ


ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ


ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊


ဒါပေမယ့်
ရထားလာခဲ့ပါတယ်။


သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
အသံကောင်းတဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတေါ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလို
တစ်မြို့ပြီး တစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင်ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။


သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နောက်
ရှေ့ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ


နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ


ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ။           ။





မောင်ချောနွယ်
၁၉၉၀ 
· · Share

Thursday, February 16, 2012

သူရဲကောင်းသီချင်း

သူရဲကောင်းသီချင်း


ဗိုလ်အောင်ကျော်နဲ့
သခင်အောင်ဆန်းလည်း
တစ်ခါတုန်းကလူငယ်
ခေတ်စံနစ်သစ်ပင်မှာ
သူရဲကောင်းတွေသီးခဲ့တယ်
ပြီးတော့.....
သစ္စာဖောက်တွေပွင့်ခဲ့တယ်။
သူတို့ရဲရင့်မှုကြောင့်
ငါတို့ကောင်းစားတဲ့သီချင်းဟာ
သူရဲကောင်းသီချင်းဖြစ်ရတယ်။
မိတ်ဆွေ
လူသားဆန်သောသင့်တူရိယာမှ
အပွင့်ခြွေတီးလုံးကိုစ လို့ရပါပြီ
သင်
ဆွံ့ အနေသေးလား။     ။

အောင်မှူးဝေ
16.2.2012

Sunday, February 5, 2012

လကွယ်ည


 နမ်းလက်စ အနမ်းတွေနဲ့

လွမ်းလက်စအလွမ်းတွေ

သတိလက်လွတ်ချပျိုးရင်း

ချစ်သူ့ပါးပြင်ထက်က

သုံးပွင့်ဆိုင်မှဲ့နက်ကလေးတွေကြား

အမြတ်တနိုးလမ်းပျောက်သွားခဲ့တယ်။     ။

အောင်မှူးဝေ