Friday, February 17, 2012

ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ--မောင်ချောနွယ်


ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ


မနက်လင်းလို့  အိပ်ရာနိုးတော့
သတင်းစာ အဆင်သင့်ရောက်နေလို့ 
ကောက်ဖတ်ကြည့်လိုက်တော့
ငါ့နာရေးသတင်းကို တွေ့ ရတယ်။

''ကဗျာဆရာ မောင်ချောနွယ်
အသက်ငါးဆယ် ကွယ်လွန်သွားပါသဖြင့်
အကြောင်းကြားအပ်ပါသည်''
ဟာ ...
မဟုတ်တာ ငါ ဘယ်တုန်းက သေလို့ တုန်း
ငါ အသက်ရှင်နေတုန်းကြီးပါ
ဘယ်လိုလဲ
အခုကိုပဲ သတင်းစာဖတ်နေတုန်းပါ
ဘယ်လိုလဲ
အရာရာဟာ မှားယွင်းခဲ့ပြီလား
ငါ့ကိုယ်ငါ လက်နဲ့ ပွတ်သပ်မိတုန်း
အသံတစ်သံ အခန်းထဲဝင်လာ
"အစ်ကိုကြီး ပုလင်းရောင်းမလား"
သေချာပြီ
ဒီအသံဟာ ငါအသက်ရှင်နေကြောင်းပြတဲ့အသံ
''အေး ... ဝင်ခဲ့
ဟောဒီမှာရှိတဲ့ ပုလင်းတွေ
အကုန်လုံး အလကားယူသွား
ငါမရောင်းဘူး
ငါ့အသက်ကို ငါမရောင်းဘူး''


မောင်ချောနွယ်
ရနံ့ သစ်

No comments:

Post a Comment