ရန်ကုန်....
ဘာတံဆိပ်ကပ်ကပ် အလွမ်းကတော့အသစ်ပဲ
လူတွေဆိုတာ
သားဖွားခန်းက၀င်လာပြီး
မီးခိုးခေါင်းတိုင်ကနေပြန်ထွက်
လောကကြီးနဲ့ဆက်ဆံရေးကအဲသလို။
ရုပ်ရှင်ရုံတွေအရှေ့မှာ
မှောင်ခိုလက်မှတ်ဝယ်ပြီးမှ
စွန့်စွန့်စားစားချစ်ရာရောက်တဲ့
ကောင်မလေးတွေလည်း
အပေါ်နှုတ်ခမ်းချိုပြီး
အောက်နှုတ်ခမ်းခါးတယ်။
ဒီမြို့မှာ
ချွေးထုတ်ခန်းတွေမလိုဘူး
အိမ်လခအကြောင်းလက်တို့ပြောကြရုံ
ချွေးပြန်တယ်
လမ်းဘေးဈေးသည်တွေရဲ့နာရီမေးသံ
တစ်နေ့စာဝမ်းရေးဟာ
ကားနံပတ်လိုအသေရေးပြီးသား။
ဘယ်လိုယဉ်ကျေးမှုနဲ့ဖြစ်ဖြစ်
ငါ့ကိုပြန်ချစ်ပါလင်းလင်းရယ်
ဒီမြို့မှာလိုနေတဲ့
ဆောင်းရာသီနဲ့ညည်းကိုတင်တောင်း
နာဇီအကျဉ်းစခန်းထဲက
ဂျစ်ပစီမလေးတွေ
ဗီတာမင်(စီ)လိုအပ်သလို
ညည်းလည်းငါ့ကိုလိုအပ်တယ်
ကမ္ဘာကြီးထဲမှာငါ့အတွက်
ရသင့်တဲ့အောက်စီဂျင်ဝေစုလို
ငါကလည်းညည်းကိုလိုအပ်တယ်
ဒီမြို့မှာ....။ ။
***************
ကြပ်တည်းမှုတွေကလည်း မကြပ်တည်းတော့သလိုမျိုးနဲ့
ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်
ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ
စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်
စသဖြင့်တွေ..။
လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖု
နွေနေပူမှာဖြတ်ကျော်လာဖူးမှ...
မနက်တိုင်း
ကြက်သားသည်နဲ့နေ့စွဲချင်းမီးကူး
ဆောင်းခါကြီးခွပူနေတာတော့လွန်လွ
အပြစ်တွေအမှိုက်ပုံသလိုပုံချဖို
ဈေးကောက်နဲ့စိတ်ကောက်ပြီး အရောင်းအ၀ယ်ဖြောင့်ဖို့
အခင်းအကျင်းကအစပူပူလောင်လောင်
ရပ်ကွက်ဈေးလေးထဲ
ငါ့ဝယ်လိုအားကိုပစ်ထည့်လိုက်ရတာ
နင်ပဲငဆရစ်သမ်နဲ့စပယ်ယာတွေပါး
ငါ့ဘ၀ကိုထိုးအပ်လိုက်ရတာ
တစ်နေ့မိနစ်ကိုးဆယ်ပုံမှန်
(နေရာတကာ)
ခုန်ပျံနေပါလား..ရန်ကုန်မြိြု့
စုန်ဆန်စရာမြစ်တစ်စင်းလည်းကောခဲ
သစ်တောတွေက
အခုမှမူကြိုမှာ........။
******************************
စိတ်ပါလက်ပါလုပ်နေရတဲ့အလုပ်တွေ
အချစ်ဆိုတာပုဂ္ဂလိက ကပ်ရောဂါ
အဆင့်မြင့်ထုတ်လုပ်ထားတဲ့ အနမ်းတွေ
ကို့စ်ပြည့်အောင်သောက်တာတောင် မပျောက်ဘူး
ကမ္ဘာဦးကနေဒီနေ့အထိ..။
အသုံးတည့်တာမှန်သမျှ
သွေးကြောထဲကနေသွင်းခဲ့တယ်
အသုံးတည့်တာမှန်သမျှ
ဒွါရအားလုံးကနေသွင်းကြတယ်
ငါးအကြီးကြီးတွေကို
ငါးသေးသေးလေးတွေနဲ့မျှားသလိုမျိ
လူအကြီးကြီးတွေကိုလည်း
လူသေးသေးလေးတွေနဲ့မျှားကြတယ်။
ဂုံးတံတားအဆင်းမှာ
ကြော်ငြာကမ်းတဲ့အလုပ်ထက်
ရင်နာရသက်သာတဲ့အလုပ်များ မရှိဘူးလား
ဆေးနဲ့ယဉ်ပါးလာတဲ့ရောဂါပိုးတွေ
လူတွေကကြော်ငြာနဲ့ ယဉ်ပါးလို့
ရန်ကုန်ဟာ
ကမောက်ကမတွေနဲ့ဖောက်ပြားတယ်
ရန်ကုန်ဟာ
ချောက်ကမ်းပါးထိပ်မှာငြိမ်နေတဲ့
အောင်မှူးဝေ
No comments:
Post a Comment