Wednesday, October 24, 2012

လှသန်း/သံမဏိရောင်လှလှလေးသမ်းနေတဲ့လှသန်း



သူနဲ့တွေ့ကြတော့ ဆောင့်ထွက်လာတဲ့မော်တော်ဆိုင်ကယ်တစ်စီးလိုပဲ
မီးခိုးတအူအူ သင်္ကေတတွေနဲ့
မန္တလေးလပြည့်ဝန်းမှာ ကျွန်တော်တို့အတူတူခေတ်ကိုစိတ်နဲ့ခြွေကြည့်မိကြ
အလုံကျေးက ဂဠုန်လေးကြည်ဇော်အေးလည်းပါရဲ့
(ဒီကောင်က၃၁ဘုံကိုကောင်းကျိုးပေးတဲ့ကောင်မဟုတ်ဘူး)
စိတ်ညစ်စရာတွေဆိုတာသူ့ခေါင်းပေါ်ကဆံပင်တွေလိုရှုပ်ပွနေတယ်။
ကိုလှသန်းရဲ့ဒီပရင်္ဂကိုဖော်ပြတဲ့အမှုနဲ့
စာပေကင်ပေတိုင်မှာကျွန်တော်ရ

ှင်းရတယ်
သူကတော့ပြုံးဖြီးဖြီးနဲ့
မလွတ်မှန်းသိလို့တမင်ပေးလိုက်တာတဲ့
(တော်တော်ဆိုးတဲ့လူလှသန်း)
ဘုန်းကြီးတွေလွယ်တဲ့လွယ်အိတ်လွယ်ချင်တယ်..တဲ့
ဝယ်ပေးရပြန်တယ်။
ငါ့ကိုဝတ္ထုကပ်ခဲ့ဦး..တဲ့ကပ်ရတယ်။
သူထွက်သွားတော့ကျွန်တော်နှုတ်မဆက်လိုက်ဘူး
သူဟာ
သံမဏိရောင်လှလှကလေးသန်းနေတဲ့လှသန်းအဖြစ်နဲ့
ကဗျာကမ္ဘာကိုပြန်လာပါလိမ့်မယ်။ ။
(ကိုလှသန်းသို့...)
အောင်မှူးဝေ

No comments:

Post a Comment