Wednesday, October 24, 2012

ရန်ကုန်လက်ဖက်ရည်ဆိုင်



နျူကလီးယားဒုံးကျည်တွေ စမ်းသပ်ဖောက်ခွဲနေသလို
စိတ်ရဲ့အခိုးအငွေ့များလွင့်နေ
ဝင်လာတယ်ပြန်မထွက်တော့ဘူး သူစိမ်းတွေ
ခဏလေးထိုင်ရမယ့်ခုံကကွဲနေတော့
အမေစု လို့တောင်မအော်နိုင်ပါဘူးအမွေစုတို့ရယ်
ဆံပင်အလယ်ကွဲခပ်ခြောက်ခြောက်နဲ့
အားပူဆိုတဲ့စားပွဲထိုးလေးကိုမေးကြည့်တယ်
မင်းကြီးရင်ဘာလုပ်မလဲ

လွှတ်တော်ဥက္ကဋ္ဌလုပ်မယ်..တဲ့
ခက်လိုက်တာဖြစ်နိုင်ခြေတွေ
လူကြောနပ်ပုံတွေမှာသူတို့ဟာ
အိုင်အယ်လ်ဘီစီက ကလေးတွေထက်သာတယ်။
ကိုယ့်လူတို့ရေ
ရန်ကုန်လက်ဖက်ရည်ဆိုင်တွေဟာလည်း
တောမှော်ရုံလမ်းတွေပါပဲကွာ။ ။
(အောင်ဆန်းလင်းနှင့်သူ၏နိုင်ငံတော်သို့..)
အောင်မှူးဝေ

No comments:

Post a Comment