Wednesday, October 24, 2012

ကာလများ/ကာလနာများ


ကဗျာရေးတယ်ကော်ဖီသောက်တယ်
နိုင်ငံ့ဘဏ္ဍာခိုးမစားဘူး သူများမိန်းမကြာမခိုဘူး
သမ္မတလုပ်ဖို့အစီစဉ်မရှိဘူး လွှတ်တော်ဥက္ကဋ္ဌလို
တောင်ဝှေးအရှည်ကြီးမဆောင်ဘူး။
ငါ့သူငယ်ချင်း တဇောင်းနီလို ပါရဂူတန်းတက်ခွင့်မလည်းမရခဲ့ပါဘူး။
အန်တီစုရဲ့ပဲတွေကြောင့် နိုင်ငံနဲ့အဝှမ်းသာယာပါစေသား
ငါဆုမတောင်းခဲ့ပါဘူး
လားကလီးတွေကိုမုန်းပေမယ့်

ပါကစ္စတန်က မာလာလာလေးကိုတော့ငါချစ်တယ်
တာလီဘန်တွေရဲ့ကျည်ဆံသူမခေါင်းထဲရောက်လာခဲ့တာဟာ
အလ္လာရဲ့ အမိန့်တော်ကြောင့်လား
တာလီဘန်တွေရဲ့စည်းမျဉ်းကအမျိုးသမီးတွေကိုမသတ်ရဘူးဆို
ဘယ်လိုဖြစ်ရတာလဲ ကာလတွေ ခါးသက်လို့မဆုံးတော့ဘူး
အလီဂျင်းနားကို ငါသတ်ချင်နေတာ မှားလား
အိန္ဒယမြေပုံကို အလယ်ကနေခွဲပြီး
ပါကစ္စတန်ကိုမွေးဖွားခဲ့တာပဲ
ကက်ခ်ျမီးယားဟာမီးမသေသေးတဲ့ စစ်သုံးမီးဖိုလေး။
ပါကစ္စတန်က မိန်းကလေးတွေကိုပညာသင်ခွင့်ပေးကြပါ
ပညာသင်ခွင့်ရချင်သူကို
သေနတ်နဲ့မပစ်ကြပါနဲ့
ကိုရမ်ကျမ်းတွေငါတို့ကိုမလှူနဲ့
မင်းတို့ကိုရမ်အတိုင်းမင်းတို့အရင်ကျင့်ကြဦး။
မာလာလာလေးက ဆရာဝန်ဖြစ်ချင်ခဲ့တာပါ
ဖအေကနိုင်ငံရေးသမားဖြစ်စေချင်လို့ နားထောင်ခဲ့ပါတယ်တဲ့
ကဲ ကိုယ့်လူသမီးရှင်တို့...
လာထား....နိုင်ငံတော်ကသင့်သမီးတွေကိုအလိုရှိနေတယ်။
သွေးမရှိပါဘူး စကင်နီလေးဝတ်ပြီးလင်ထောင်ကြဖို့ပဲ တတ်ကြတဲ့သမီးတွေ
ဒီလိုနဲ့
ကာလတွေဟာနာကျင်ခဲ့တာပေါ့ကွာ
အန်တီစုကခြောက်ဆယ်ကျော်ပြီလေ
မြောက်နယ်ကိုမကျော်တော့ပါဘူး
မြေအုတ်တို့ပြိုသောအခါ....လမ်းရွေးမှားသူမြစ်တွေ
ကောကြစို့။
အစားထိုးရမယ်လို့ငါတို့စဉ်စားထားကြရုံ။
ငါပြောတဲ့စကားအရ
ငါ့စကားနွားရပြောတာပါ
ငါ
မင်းတို့အားလုံးကိုရခဲ့တယ်။ ။
အောင်မှူးဝေ

No comments:

Post a Comment