Wednesday, October 24, 2012

မှည့်ချိန်



အန္တရာယ်အနံ့ခံရင်းနဲ့
သီချင်းကရင့်မှည့်လာပါတယ်
အခု ချကျွေးထားတဲ့ဘုရင်မကို ကုန်အောင်စား
စစ်တုရင်တစ်ဖွဲ့လုံးအသုံးမကျဘူး
တိုင်းရေးပြည်ရာက ဆူးတွေအချွန်သားပေါ့ကွာ။
မြှုံးထဲကခုန်ထွက်လာမယ့်အိပ်မက်ဟာ
ဆန်ခါတင်လွတ်လပ်မှုကိုသယ်ဆောင်လာလိမ့်မယ်
ဒီစိတ်နဲ့ငါတို့တစ်တွေ ဖူးပွင့်ကြွေလွင့်ခဲ့ပဲ

သူများအမည်ပေါက်ပဋိသန္ဓေနဲ့မိန်းမတစ်ယောက်ဆီက
မင်းရခဲ့တဲ့ကတိလိုမျိုး ငါတို့ရနေတဲ့ကတိတွေ
တောင်ကတုံးပေါ်ကလိမ့်ကျလာတဲ့သစ်တောများလို
ကိုင်ကြည့်တာနဲ့ ကျိုးကြေပြီးသားတွေ။
ဆိုင်နေရာပျောက်နေတဲ့ပန်းချီဆရာတစ်ယောက်လို
လက်ခံထားတဲ့ပုံတူတွေအပြည့်နဲ့နိုင်ငံမှာ
ငါတို့အရောင်တွေ ငြိမ်းချမ်းသင့်ပါပြီ။ ။

အောင်မှူးဝေ

No comments:

Post a Comment