Thursday, February 21, 2013

အောင်မှူးဝေ(သို့မဟုတ်)သံမဏိနှင်းဆီတောလေးထဲကလူ(အပိုင်း-၂)

...
စူစူအက်အက် သူ့အမှားလှလှကလေးကို ကျွန်တော်မည်သို့မည်ပုံပြုလုပ်လိုက်မိသလဲမသိပါ။
သူမနဲ့အတူတူပါလာတဲ့ဂေါ်ရခါးတွေထွက်ပြေးသွားကြတယ်။သူမလည်းဘောင်းဘီတိုလေး-
ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းလျှာတစ်စောင်းကိုက်ပြီးသတိလစ်နေတယ်။ကျွန်တော့်လက်
ထဲမှာတော့ တွန့်လိမ်နေတဲ့မြွေတစ်ကောင်။ဒီကောင်ကိုကုက္ကိုပင်အခေါင်းထဲကနေကျွန်တော်
ဖမ်းထားတာပါ။ဒီမြွေက သူမရဲ့အမှားလှလှလေးကိုပထမဦးဆုံးနမ်းဖူးသွားတဲ့သက်ရှိသတ္တ၀ါပါပဲ။
အခုနေပြန်တွေးကြည့်တော့ဒီမြွေကိုကျွန်တော်မနာလိုဘူးလို့ခံစားရပါတယ်။ဟာ..လင်းမြွေကြီး
ပါလား၊ဟန်ကျတာပဲဟေ့၊စပါးလင်နဲ့ချက်ပြီးတုတ်ရမယ်။ကျောင်းဒရ၀မ်ဦးထောင်ဒိုးပေါင်ရောက်
လာပြီးကျွန်တော့်လက်ထဲကမြွေကိုတောင်းယူသွားတယ်။သူဒီမြွေကိုကောင်းကောင်းချက်တတ်တယ်
ဆိုတဲ့အကြောင်း..၊ချက်ပြီးရင်လိုင်မီး(ဆန်အရက်)နဲ့မြည်းမယ်ဆိုတဲ့အကြောင်း..ပြောနေတယ်။
ဟေ့.။ကောင်ကလေး၊ဟိုကောင်မလေးကဘာလုပ်နေတာလဲ။ဆော့ရင်းနဲ့မောလို့လေအိပ်နေတာ။
သြော်ဘောင်းဘီချွတ်အိပ်တာလား။လေညင်းခံတာနေမှာပေါ့ဗျာ၊ဒီနေရာကအမြဲအိုက်စပ်နေတာမဟုတ်လား။
မင်းတော်တော်စကားတတ်တဲ့ကောင်ပဲ၊ဒါနဲ့ မင်း ညနေကျရင်မြွေသားဟင်းနဲ့ထမင်းစားပြီးမှပြန်နော။
မစားတော့ဘူးဦးထောင်၊အိမ်မှာအဖေကဆင်သားဟင်းချက်ထားမှာ။မင်းတို့ဗမာတွေတော်တော်ဖင်ဂေါင်း
ကျယ်တယ်။
******************************
******************************
                ဦးထောင်ဒိုးပေါင်ကလင်းမြွေအရှင်ကောင်ကြီးကို လည်ပင်းကနေကိုင်ပြီးဒရ၀မ်တဲကလေးဆီ
တရွေ့ရွေ့နဲ့ပြန်သွားတယ်။လင်းမြွေကြီးကတော့ဂေါ်ရခါးမလေးကိုအထိတ်တလန့်ဖြစ်အောင်လုပ်မှုနဲ့-
သေဒဏ်ပေးခံရတော့မှာသေချာတယ်။ဒီတရားစီရင်ရေးကလည်းတစ်မျိုးပါကလားနော်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$#######$$$*******
            နွေလေနုအေးလေးကရုတ်တရက်သုတ်ဖြူးလာတယ်။
ကုက္ကိုရွက်တွေတဖွားဖွားကြွေကျလာကြတယ်။ကျွန်တော်ကသူမသတိရအောင်ရင်ဘတ်ကိုဖိတယ်။ဖင်ကိုဆောင့်
ကန်တယ်။ပါးစပ်ချင်းတေ့မှုတ်တယ်။မနီးမဝေးမြောင်းထဲကရေနဲ့ခပ်ပြီးပက်တယ်။အေးတာရောရေပုပ်တွေက-
ယားတာရောကြောင့်သူမနိုးလာတယ်။သူ့တင်ပါးသူတဗျင်းဗျင်းကုတ်ရင်းကျွန်တော့်ကိုအထိတ်တလန့်ကြည့်
တယ်။ပြီးတော့ ချစ်ခွန်းခြွေသာယာဖွယ်စကားလေးများလည်းဆိုလေရဲ့။မအေပေး...မသာကောင်..သေချင်းဆိုးကာလနာကြီး
။နင့်နောက်မှာမြွေမြွေ။ကျွန်တော်ကရုပ်တည်ကြီးနဲ့နောက်တဲ့အခါမိန်းကလေးလိုအော်ပြီးကျွန်တော့်ကိုလာဖက်တယ်။
ခပ်တင်းတင်းပဲ။ကျွန်တော်ကလည်းဒီလောက်သဘောထားတင်းမာသူမှမဟုတ်တာပြန်ဖက်ထားလိုက်တာပေါ့။
သူမတော်တော်နဲ့မလွှတ်ဘူးမြန်မာဗီဒီယိုကားတွေထဲကလိုအကြာကြီးဖက်ထားတယ်။တစ်သက်လုံးဖက်ထားလည်း
ကျွန်တော်ကတော့ငြိမ်နေမှာပဲ။(ကျွန်တော်ကမင်းသားကိုးခည)။ဒီမှာဖြင့်ဖက်လို့ကောင်းနေတုန်းကျောင်းတက်
သံချောင်းကတဒေါင်ဒေါင်ခေါက်လာတယ်။
တောက်......ငါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်မှသင်းတော့လား.....။
အာဏာကိုသိမ်းပစ်လိုက်ဦးမယ်သိလား။
************$$####
မူလတန်းကျောင်းသားဘ၀ဆိုတာလူမှုရေးအဆောက်အအုံကိုစတင်ပုံသွန်းတည်ဆောက်ချိန်လို့ကျွန်တော်ပြော
ရင်ခင်ဗျားတို့လည်းငြင်းကြမှာမဟုတ်ပါဘူး။ မတစ်ထောင်သားသမီးတွေနေရာလေးတစ်ခုတည်းမှာနေ့စဉ်စုဝေးပေးထားပြီးနားလည်မှုယူခိုင်းထားခဲ့တာမဟုတ်လား
ကျွန်တော်တို့ဟာကျောင်းခန်းကိုလွှတ်တော်ခန်းမသဖွယ်သဘောထားပြီးတော့အဆိုတွေပြုခဲ့ကြ၊ငြင်းခုန်ကြ၊
ကန့်ကွက်ကြ၊စုပေါင်းလုပ်စရာရှိလုပ်ကြနဲ့တစ်သားတည်းနေထိုင်ခဲ့ကြတယ်မဟုတ်လား။
အရွယ်တူကြယ်ဖြူဆယ့်လေးလုံးနဲ့အလံတော်ဟောင်းအောက်မှာကျွန်တော်တို့ဟာသွေးမကွဲဘဲအတူတကွ
ရှင်သန်ရင်း....။
ဆက်ရန်

အောင်မှူးဝေ
 

No comments:

Post a Comment