...
ရဌောဝါဒကထာ
အတတ်ပညာတစ်ခုခုနဲ့
ပြုစားခြင်း ခံထားရသလို တွေဝေမိန်းမောစေတဲ့နွေ ရက်များပါပဲ။
ကျောင်းရှေ့လယ်ကွင်း ၀ါဝါတွေရယ်၊ စာအုပ်တွေရယ်၊ တရား နာတဲ့
အီးဗွီဒီစက်ကလေးရယ်၊ ဆရာ တော် ဦးဉာဏိဿရ တရားခွေတွေရယ်။ ပေါ်ကာစတုန်းက
မယ်တော်ကြီးဝယ်ပေး ထားတဲ့ ငါးသိန်းတန် ဂျီအက်စ်အမ် တယ်လီဖုန်းလေးရယ်။
စာရေးသူနဲ့အတူ တူလက်တွဲပြီးတော့ နွေကိုဖြတ်ကျော် ကြတဲ့ ရဲဘော်ရဲဖက်
ပစ္စည်းလေးများ၏ စာရင်းပေါ့။
ကဗျာဆရာကြီး အံ့မောင်ကတော့ စာဆိုတော်တစ်ယောက်ရဲ့ နွေကန္တာ ဖြတ်သန်းပုံကို အခုလိုရေးသားခဲ့ဖူးတယ်။
ရေနွေးတစ်အိုး
ယပ်တစ်ရိုးနဲ့
နွေဆိုးကို ကျော်
စာဆိုတော်။ ။
အံ့မောင်
စာရေးသူနံဘေးမှာ ရေနွေးဓာတ် ဗူးတစ်လုံးတော့ဖြင့် အရှိသား။ ယပ် တောင်ကတော့
ဆောင်မထားဘူး။ လိုမှ မလိုတာပဲလေ။ ကျောင်းပတ်ဝန်းကျင် လွင်ပြင်ကြီးထဲမှာ
လေပူတွေရော၊ လေ အေးတွေ ရှပ်တိုက်ပြေးလွှား၊ တိုက်ခတ် ဆော့ကစားနေလေရဲ့။
သြော်…ခန္ဓာကိုယ်အပြင်ဘက် က နွေ…။
တစ်နှစ်တာကာလ..။
နှစ်ဦးကနေ ဒီကနေ့ နှစ်ဆန်းတစ် ရက်နေ့အထိ လုပ်ဆောင်ခဲ့တာတွေ ကြုံ
တွေ့ခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့် မိတယ်။ လုပ်ဆောင်ခဲ့တာတွေ အနေနဲ့
ကတော့ ထူးခြားတာ သိပ်မရှိသလောက် ပါပဲ။ စာရေးတယ်၊ စာဖတ်တယ်။ထောင့် မကျိုးတဲ့
ထုတ်ဝေသူတွေနဲ့ စာအုပ်တွေ ထုတ်ဖို့ စီစဉ်ကြတယ်။ ထုတ်ဝေသူနဲ့
စာရေးသူတို့ကြား ဖြစ်ရိုးဖြစ်စဉ်ပြဿနာ လေးတွေဖြစ်ကြတယ်။ နှစ်တိုင်းဟောနေ
ကျတရားပွဲလေး ဒလမြို့နယ်၊ ကျွဲလူး အိုင်ကျေးရွာတရားပွဲပါ။ ဓမ္မပူဇာ၊ မ,တည်
အလှူရှင်တွေဖြစ်ကြတဲ့ ဦးမောင်မောင်၊ ဒေါ်ပု မိသားစုက စာရေးသူရဲ့ ဒကာရင်း
တွေဖြစ်နေတာကိုး။
ကြိုဆိုရေး တာဝန်ခံကိုမျိုးလွင်တို့၊ ကိုစိုးမင်းအောင်တို့ ဆိုတာကလည်း စာ
ရေးသူရဲ့ သူငယ်ချင်းအရင်းတွေလေ။ ဒီတော့ ဒီတရားပွဲကို ငြင်းလို့မရပေဘူး။
ဒလဘက် တရားပွဲသွားရတာ ပျော်စရာ ကောင်းပါတယ်။ နန်းသီတာဆိပ်ကမ်း ကနေ
ငှက်ခေါ်တဲ့ သမ္ဗာန်လေးစီးပြီး တစ်ဖက်ကမ်းကို ကူးရတာကိုကကြည်နူး
စရာတစ်ခုပေါ့။ မြစ်ထဲမှာ ဇင်ယော်လေး တွေ ကိုယ်ဖော့နေထိုင်ကြတာငေးမော
သွားရတဲ့ အရသာ “ဒလမြို့မှ ကြိုဆိုပါ ၏” ဆိုင်းဘုတ်ကလေးကို မြင်ရတဲ့ အရ သာ
ဘာနဲ့မှ မလဲချင်ဘူး။ ဒလဘက် ရောက်တဲ့အခါကျတော့ မြင်ကွင်းကထူး
ဆန်းနေတာနဲ့ကြိုဆိုရေးဒကာနှစ်ယောက် ဖြစ်တဲ့ စိုးမင်းအောင်နဲ့
မျိုးလွင်တို့ကိုမေး ကြည့်မိတယ်။
““ဟေ့..မနှစ်က ငါတို့စီးတဲ့ဂျစ် ကားတွေဘယ်ရောက်ကုန်ပြီလဲ။ မတွေ့ တော့ပါလား။””
““ဟိုတစ်လောက ဈေးကောင်းလို့ ရောင်းထုတ်လိုက်ကြပြီလေ။””လို့ စိုးမင်း အောင်က ပြောပါတယ်။ မျိုးလွင်က လည်း..
““ဆိုင်ကယ်တွေကတော့ မောင်းလို့ ကိုမရပါဘူး ဘုရား။””
““ဘာဖြစ်လို့လဲ။ ဆိုင်ကယ်တွေပျက် နေလို့လား””။
““မဟုတ်ဘူးဘုရား။ ဆိုင်ကယ်ဆိုရင် ကလေးဆော့တဲ့ ဆိုင်ကယ်က အစဖမ်း နေလို့။””
““သြော်..ဖြစ်မှဖြစ်ရလေကွာ။ ဒါ ဖြင့် အခုဘာနဲ့ ကြွရမှာလဲ””။
““ဗင်ကားနှစ်စီးရှိတယ်ဘုရား။ ပျော် ဘွယ်ကြီးက ကားပိုင်တွေထောင်ထားကြ တာပဲ။
ဒလနဲ့ လိုင်းဆွဲဖို့ပေါ့ဘုရား။ ဒီနှစ် စီးပဲရှိတာဆိုတော့လည်း…။””
စိုင်းမင်းအောင်က သူ့စကားကို တစ်ပိုင်းတစ်စနဲ့ ရပ်ထားတယ်။ ဘာလဲ ကွ
ဆက်ပြောပါလို့ စာရေးသူကပြော တော့မှ ဗင်ကားနှစ်စီးအနက် တစ်စီးက
ခရီးသည်တွေကို မတန်တဆဈေးတင် နေကြောင်းပြောပါတယ်။
““သင်္ကြန်အတွင်းမို့ နေမှပါကွာ။ ရန် ကုန်ထဲက လိုင်းကားတွေတောင်မှ ဟိုနား
ဒီနားနှစ်ရာ။ ခရီးစဉ် စ-ဆုံး ငါးရာတွေ ဖြစ်နေကြသေးတာပဲ။ တက္ကစီကလည်း
ဈေးကြီးတာပါပဲ။””
ဒလကနေ ပျော်ဘွယ်ကြီးအထိ ကားလမ်းကလည်း သိပ်မကောင်းလှပါ ဘူး။ ကားဆရာကတော့ -
““လမ်းကောင်းရင် ငါးမိနစ်လောက် မောင်းရုံနဲ့ ရောက်တာပေါ့ဘုရား။ အခု တော့
နာရီဝက်လောက် မောင်းနေရ တယ်။”” လို့ပြောတယ်။ ရယ်ရယ်မောမော ပြောတာပါပဲ။
ကိုယ့်လူမျိုးက ဒုက္ခကို ရယ်မောဖော့တွေးလုပ်တတ်တဲ့နေရာမှာ တော့
ပထမတန်းမဟုတ်လား။ စာရေး သူတော့ ခါးတွေတော်တော်အောင့်သွား တယ်။ ကျေးလက်ကနေ
ပြည်သူလူထု အတွက် ဒလပျော်ဘွယ်ကြီးလမ်းကလေး ကောင်းသွားရင်တော့ နတ်လူသာဓုခေါ်
ကြမှာသေချာတယ်။ လမ်းတလျောက် ဘေးဝဲယာ ပျဉ်းမပင်တွေကတော့ လမ်း
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ် စေ၊ အပွင့်တွေတဝေေ၀ပါပဲ။
ပျော်ဘွယ်ကြီးရွာ။
ဝိပဿနာပုဂ်္ဂိုလ် အကျော်အမော် အနာဂါမ်ဆရာသက်ကြီးရဲ့ ဇာတိရွာ။
လျှပ်စစ်မီးတွေရတယ်။ အနာဂါမ်ဆရာ သက်ကြီးတန်ဆောင်းတို့ကြေးသွန်းဘုရား
ကြီးမှာ ၀ိပဿနာတရားပွားများအား ထုတ်ကြသူတွေဆိုတော့လည်း မနည်းပါ ဘူး။
ဝမ်းသာစရာပါပဲ။ ပျော်ဘွယ်ကြီး ရွာက နှစ်စဉ်နေ့ဆွမ်းဒကာဖြစ်တဲ့ကိုလေး ၀င်း
မမြင့်မြင့်တို့ အိမ်မှာနားနေပါတယ်။ နေ့ဆွမ်းဒကာတွေရဲ့သဒ်္ဓါတရားကလည်း
အင်မတန် ပြောင်မြောက်ပါပေတယ်။ နှစ်စဉ်ကျွဲလူးအိုင်ကို ကြွရောက်သမျှ ဓမ္မ
ကထိကဆရာတော်အားလုံးကို သူတို့ပဲ ဆွမ်းကပ်ကြတာပဲ။ ဆွမ်းအနုမောဒနာ
တရားဟောပေးလိုက်ပါတယ်။ ညနေကျ တော့ ကျွဲလူးအိုင်က ၀တ်အသင်းတွေ ဟာ
ဂွန်ဒေါင်း(ခေါ်) ထောက်လာဂျီတွေ နဲ့ ရောက်လာကြတယ်။ ကျွဲလူးအိုင်ရွာ
ကိုရောက်တော့ ညနေ ၆နာရီ။ မြတ်စွာ ဘုရားအလောင်းတော် ကျွဲမင်းဖြစ်စဉ်အ ခါက
အိုင်လူးတဲ့နေရာလို့ ဒေသခံဖြစ်တဲ့ တရားပွဲဒကာ ဦးမောင်မောင်က ပြောပါ တယ်။
ဒလဘက်မှာ ရေချိုက မထွက် တော့ ကန်ရေ၊ မိုးရေတွေပဲ သုံးရတယ် ဆိုတာလည်း
ပြောပါသေးတယ်။ရန်ကုန် ဘက်ကနေ ပိုက်လုံးကြီးတွေနဲ့ သယ်ယူ ရင်မရနိုင်ဘူးလား
လို့ စာရေးသူကပြော တော့ ဘယ်လွယ်ပါ့မလဲလို့ဆိုတယ်။ မြေ
အောက်ပေတစ်ထောင်လောက်နက်အောင် တူးရင်ကော ရေချိုမရနိုင်ဘူးလား။စကား
ကောင်းနေတုန်း၊ လှိုင်သာယာမှာ စာချ နေတဲ့ သူငယ်ချင်းတစ်ပါးဆီက ဖုန်းဝင်
လာပါတယ်။ လှိုင်သာယာမှာအမျိုးသမီး တစ်အုပ် အရက်မူးပြီးတော့ အမျိုးသား
လေးယောက်ကို လက်သီးတွေနဲ့ထိုးခြေ ထောက်တွေနဲ့ ကန်လုပ်ကြတာ အမျိုး သားတွေ
မှောက်သွားသတဲ့။ ဗုဒ္ဓေါ..။ ဘယ့်နှယ် သင်္ကြန်ပြီးတုန်းဟ။ နောင်မျိုး ဆက်တွေ
အတွက်မတွေးရဲစရာပါက လား။ စိတ်ထဲပူလောင်လာပါတယ်။
သြော်..ခန္ဓာကိုယ်အတွင်းပိုင်းက နွေ..။
အကုသလိုလ်အလုပ်တို့သည်
ကောင်းလည်းမကောင်းကုန်၊
မိမိအတွက်အကျိုးစီးပွားလည်းမရှိကုန်၊
ယင်း အကုသိုလ်အလုပ်မျိုးတို့ကို
လွယ်ကူစွာ ပြုနေကြကုန်၏။
ကုသိုလ်အလုပ်မျိုးသည်ကား
တကယ်တမ်း အကျိုးလည်းရှိ၏၊
ယင်း ကုသိုလ်အလုပ်များကိုမူ
ပြုလုပ်ရန် အလွန်အမင်းခဲယဉ်းလှသည်။
(ဓမ္မပဒ၊ အတ္တ၀ဂ္ဂ၊ သံဃဘေဒပရိ သက္ကန ၀တ္ထုဂါထာ၊)
ဒီဒေသနာကို အခါတစ်ထောင်စီ လောက်ဟောပြောလိုက်နာစေပြီးမှနောင် နှစ် သင်္ကြန်ပျော်ကြရင် ကောင်းမယ်လို့ တိုင်းပြည်ကို ပြောလိုက်ချင်ပါတယ်။
ဆင်းရဲကင်းကွာ ချမ်းသာကြပါစေ။
ကျမ်းကိုး။ ။ ဓမ္မပဒပါဠိတော်။
ရွှေစုန်းချောင်းဆရာတော်
အရှင်ဝိစိတ္တာလင်္ကာရ