Sunday, July 22, 2012

....

ရ န် ကု န် မြို့  နှင့် အ နီး တ စ် ၀ို က်

by Hero Rose on Sunday, July 22, 2012 at 9:22am ·
သာယာလာတယ် လူနည်းစုအတွက်သီချင်းတွေ ကရွံစရာကောင်းလောက်အောင်သာယာလာပါတယ်
ပင်လယ်ဟာ ရန်ကုန်ကိုကြည့်မရလို့ မုတ်သုံတွေ တစ်ခုပြီးတစ်ခု ထိုးပေးနေတယ်ထင်တာပဲ
ဆင်းရဲသားတွေအတွက် သနားစရာကောင်းလောက်အောင်သာယာခဲ့ပါတယ်
ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် လူတွေကရူးနေတာလို့ပြောတဲ့ ခွေးတူဝက်တူ အရူးကြီးတစ်ကောင်အတွက်လည်း
ရူးချင်လောက်အောင်သာယာခဲ့ပါတယ်
ကဗျာဆရာ ခင်ဗျားအတွက်ရော တဲ့
လရောင်ကိုမမြင်ရတာကြာပါပြီ။

အောင်မှူးဝေ

No comments:

Post a Comment