Wednesday, July 18, 2012

စာပွဲးတင်စကား-၂ (tabel talk - 2)

စ,ပြောကြည့်တာနဲ့ အသံကကပ်နေတယ်

လူတစ်ယောက်မှာအဓိက အရှိသင့်ဆုံးက မိသားစုတစ်စုပဲ

ချောင်းဟန့်တယ်..ပြီးမှများလေကောင်းလေတဲ့

ဆက်ပြောတယ်..မူးပြီးအိပ်ပစ်ခဲ့တဲ့အလကားညတွေကိုလွမ်းလိုက်တာ

ကသောင်းကနင်းရွေးချယ်ထားတဲ့ဘာသာရပ်နဲ့

စတော်ဘယ်ရီဥယျာဉ်လေးကိုစိုက်ဖို့နှလုံးသားများပြုပြင်ရဆဲ

(ပြုပြင်ရ/ဆဲရ)

ဆွလို့ရသမျှအကုန်ထိုးဆွမြေနီတွေထွက်သွားတဲ့နေရာ

မြေဆွေးတွေဝင်လာ မိသားစုတစ်စုအတွက်

ခေတ်ကဆွဲခေါ်လာတဲ့အတိုင်း

ဥယျာဉ်လေးတစ်ခုလည်းရှိသင့်တဲ့အကြောင်း

အေးဆေးပေါ့ကွ ပြောင်းလဲတော့မှာပါ အဟမ်း

အာဖရိကမှာတောင်ပြောင်းလဲနေပြီ

ဟုတ်တယ်

သေနတ်ပြောင်းတွေ အမြောက်ပြောင်းတွေ လဲနေပြီ

လူကြီးချင်းလည်းလက်ဆွဲနှုတ်ဆက်ကြတယ်ကွ

အဲဒီလက်တွေနဲ့အရှက်မရှိ

ဗုံးကြဲမိန့်ကြေးနန်းကိုလက်မှတ်ထိုးခဲ့တာ

စကားလုံးတွေစားပွဲပေါ်ကနေဆင်းသွားတယ်

ဟေ့လူ..နေဦး..နေပါဦး

ဆူဒန်ဒုက္ခသည်စခန်းတွေမှာကျည်ဆံတစ်တောင့်ပေးရင်

မိသားစုဆယ်စုရတယ်။ ။

အောင်မှူးဝေ

၇.၆.၂၀၁၂

No comments:

Post a Comment