Friday, July 20, 2012

အမှောင်တားတဲ့ ကလောင်သွား



ဟုတ်တယ်။ ဓားသွားထက် ပိုထက် တဲ့ ကလောင်သွားပါပဲ။ ရွှေစုန်းချောင်း ဆရာတော်တို့ အမြတ်တနိုးကိုင်စွဲထား တဲ့ လက်နက်ပါ။ နှစ်ပေါင်းတော်တော် ကြာအောင် နှလုံးသားသွေးကျောက်ပေါ် မှာ တင်သွေးပြီးလာခဲ့တဲ့အရာပါ။ စာ ရေးဆရာဟာ ကလောင်တစ်ချောင်းပီပီ သသဖြစ်ပေါ်လာဖို့အတွက်ပင်ပင်ပင်ပန်း ပန်း ကြိုးစားတည်ဆောက်ယူရတယ်။ စာတတ်တိုင်းလည်း စာရေးဆရာဖြစ်တာ မဟုတ်ပါဘူး။ လူထုထဲကို စာပေအသိ ပညာပေးပို့နိုင်ဖို့အတွက် အရာရာစတေး ပြီး ကလောင်တစ်ချောင်းကိုပိုင်ဆိုင်ချင် တဲ့ စာရေးဆရာကများပါတယ်။ စီးပွား ရေးအတွက် ကြီးပွားရေးအတွက် စာရေး ဆရာဖြစ်ချင်တဲ့လူဆိုတာ ရှားပါတယ်။ ရဟန်းစာဆိုတော် လောကမှာတော့ စာ ပေ၀ါသနာလည်းရှိ၊ ဒကာ ဒကာမက လည်း ငွေကြေးတတ်နိုင်၊ ဓမ္မစာပေ ပြန့် ပွားရေး ငွေပဒေသာပင်စိုက်ထူးလှူဒါန်း နိုင်ငံ ရဟန်းမျိုးဆိုရင် စာရေးဆရာမြန် မြန်ဖြစ်တဲ့ ရဟန်းတော်တွေရှိပါတယ်။ ဒါက အနည်းစုပါ။ များသောအားဖြင့် လူပုဂ်္ဂိုလ်စာရေးဆရာများနည်းတူ မဂ်္ဂဇင်း ဂျာနယ်တွေမှာ ခက်ခက်ခဲခဲ ၀င်တိုးပြီးမှ စာရေးဆရာဖြစ်တဲ့ ရဟန်းတော်တွေက များပါတယ်။ စာရေးသူကိုယ်တိုင်လည်း ဒုတိယာအမျိုးသားထဲက ရဟန်းစာရေး ဆရာဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်ကနေ ဒီ ကနေ့အထိ စာပေတစ်ခုတည်း စိတ်ညွှတ် လုပ်ဆောင်လာခဲ့လို့ ထိုက်သင့်တဲ့နေရာ လေးတစ်ခုရလာတာပါ။ ကိုယ့်ကိုကိုယ် တော်လှပြီတတ်လှပြီလို့ မထင်သေးပါ ဘူး။ ဟုတ်လှပြီလို့လည်း မထင်သေးပါ ဘူး။ ဖတ်မှတ်လေ့လာကြိုးစားဆဲပါပဲ။ စာဖတ်ပရိသက်အပေါ် မထီမဲ့မြင်ပြုတဲ့ အရေးသားမျိုးလည်း ဘယ်တုန်းကမှ မရေးခဲ့ပါဘူး။ ကိုယ်မြင်တဲ့အတိုင်း ယုံ ကြည်တဲ့အတိုင်းရေးခဲ့တာဖြစ်တယ်။ ဒီအ တွက်လိပ်ပြာသန့်ပါတယ်။
စာရေးဆရာက စာဖတ်ပရိသက် အပေါ် မထီမဲ့မြင် မပြုပေမယ့် စာရေး ဆရာကို မထီမဲ့မြင်ပြုနေသူတွေကတော့  ရှိနေပါတယ်။ စာအုပ်ထုတ်ဝေသူတွေပါ ပဲ။ စာရေးသူ စာပေလောကထဲရောက် လာ ၁၂ နှစ်ရှိပါပြီ။ အင်မတန်ကလောင် သက်ရင့်တယ်လို့ မဆိုသာသော်လည်း အတော်အတန့် ကလောင်သက်ရနေပြီ လို့တော့ ဆိုနိုင်ပါတယ်။ ဖြတ်သန်းခဲ့ဖူး  ပြီးသလောက် ကာလအပိုင်းအခြားအ တွင်း လူသားဆန်တဲ့ထုတ်ဝေသူ၊ စာရေး ဆရာအပေါ် လေးစားတန်ဖိုးထားတဲ့ ထုတ်ဝေသူဆိုတာ မတွေ့သလောက်ပါ ပဲ။ စာရေးဆရာရဲ့ စာမူကို မတန်တဆ ဈေးနဲ့ ၀ယ်အရောင်းရ တွင်ကျယ်ရင် အကြိမ်ရေခိုးရိုက်၊ စာရေးဆရာကို နောက်ထပ်ခံစားခွင့်မပေး၊ ဒီလိုလုပ်နေ တဲ့ ထုတ်ဝေသူကများပါတယ်။ စာရေး ဆရာက ထုတ်ဝေသူနဲ့ တွေ့ချင်တဲ့အခါ ရှင်ဘုရင်ကို တိုင်းသူပြည်သားက ဖူးမြော် ရသလိုမျိုး မတူသလို မတန်သလို မူယာ မာယာလုပ်တဲ့ ထုတ်ဝေသူတွေနဲ့လည်း တွေ့ရဖူးပါတယ်။ စိတ်ကိုနှိမ်ချိုးတဲ့ နည်း ပညာပေါ့လေ။ စာရေးသူတို့ကို မတတ် ဘူးထင်လို့ စမ်းကြည့်တာဖြစ်ပါလိမ့်မယ်။  ထုတ်ဝေသူတွေိကို ရွံတဲ့ရောဂါရလာ တယ်ထင်မိပါရဲ့။ စာရေးဆရာတွေရဲ့ နစ် နာမှုတွေဟာ ဖော်ထုတ်နိုင်ရင် ဖော်ထုတ် နိုင်သလောက် အများအပြားရှိနေတာ  တွေ့ရပါတယ်။ ဒါတွေကို အခုတလော သမဂ္ဂ သမဂ္ဂလို့ ကြွေးကျော်နေကြသူ တွေက ဖော်ထုတ်ပြီး စာရေးဆရာတွေရ သင့်တဲ့ ငွေကြေးအခွင့်အရေးဂုဏ်သိက္ခာ အခွင့်အရေးတွေကို ကာကွယ်ပေးသင့် တယ်၊ ကာကွယ်ပေးချိန်လည်း ရောက်ပြီ လို့ ဆိုချင်ပါတယ်။ စာရေးသူတို့လို ရဟန်းစာရေးဆရာကိုတောင်မှ စော်ကား မော်ကားလုပ်သေးရင် လူပုဂ်္ဂိုလ်စာရေး ဆရာတွေကိုတော့ ပြောမနေနဲ့လေ။ ပို လုပ်ကြမှာသေချာတယ်။ ဒီမိုကရေစီနိုင်ငံ တော်မှာ အဲသလို စော်ကားလို့ရပါသ လား။ တွေးမိမေးမိပါတယ်။
လွန်ခဲ့တဲ့ အနည်းငယ်တုန်းက စာ ရေးသူနဲ့ ညီအစ်ကိုလိုခင်တဲ့ စာရေး ဆရာဒကာနှစ်ယောက် ကျောင်းတိုက်ကို ရောက်လာပါတယ်။ သူတို့နဲ့လက်တွဲလုပ် နေတဲ့ ထုတ်ဝေသူက တိုက်ပိုင်ရဟန်းစာ ရေးဆရာလိုချင်တဲ့အကြောင်း လာပြော ကြတာပါ။ ပိုက်ဆံအတော်ချမ်းသာပြီး စာပေကို ၀ါသနာပါတယ်လို့ ဆိုပါတယ်။ စာရေးဆရာတစ်ယောက်ကို ထုတ်ဝေသူ ကတိုက်ပိုင်အဖြစ် သုံးတဲ့အခါ ကိုယ့်ကို ကိုယ် စာရေးဆရာအတွက် စားနေ၀တ် လိုအပ်တာတွေတာဝန်ယူရတယ်။ စာအုပ် အပ်တာနဲ့ စာမူခအကြေရှင်းပေးရတယ် ဆိုတာကို နားမလည်ပဲ ထုတ်ဝေသူလုပ် ချင်တဲ့ ချာတိတ်တစ်ယောက်နဲ့ တွေ့ရပါ တယ်။ အသက်က ၂၆ နှစ်ဆိုတော့ စာ ရေးသူထက်ငယ်ပါတယ်။ ပြီးတော့ စာ ရေးသူက ရဟန်းသူက လူပုဂ်္ဂိုလ်။ အဆင့် ချင်းမှ မတူတာပဲ။ မင်းနဲ့ငါနဲ့ စာရေးသူက ပြောပါတယ်။ ငါစာမူအပ်တာနဲ့ မင်းငါ့ စာမူခအကြေပေးရမယ်ပြောတယ်။ ဒါက တော့ စာရေးဆရာရဲ့ အခွင့်အရေးပဲ လေ။ စာရေးတာ စာမူခလေးလောက် တော့ရမှဖြစ်မှပေါ့။ ကိုယ့်လုပ်အားကိုယ် တောင်းဆိုတာ ဘာအပြစ်ရှိပါသလဲ။ ဒါ ကို ဘုန်းကြီးတန်မဲ့ ငွေစကားပြောတယ်၊ လုပ်ပြန်ရော။ စာမူခပေးပါ့မယ် လာယူပါ ဆိုလို့သွားယူတော့ နေသာကုန်လူက ရောက်မလာ။ အချိန်တွေ အဖြုန်းခံ ရတယ်။ စာရေးဆရာကို ထုတ်ဝေသူ ပိုင်နက်ထဲခေါ်ပြီး ပညာပြစော်ကားတာ ပါ။ ဒီလိုစော်ကားလို့ရတဲ့ ခေတ်က နောက်မှာကျန်ခဲ့ပြီဆိုတာ ဒီချာတိတ် မသိ။ သူသိတာ ငါ့မှာငွေရှိတယ်။ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ စိတ်ပဲ။ ငွေရှိတိုင်း လုပ်လို့မရတဲ့အလုပ် တွေတစ်ပုံကြီး ရှိတယ်ဆိုတာ ဒီကလေး သိပုံမရပါဘူး။
မိခင်သန့်မှ နို့ရည်သန့်တယ်
နို့်ရည်သန့်မှ သားတွေသန့်တယ်
သားတွေသန့်မှ နိုင်ငံသန့်တယ်။
တဲ့။ ဆိုသူတွေက ဆိုကြတယ်။ ဒီထုတ် ဝေသူချာတိတ်ဟာ နို့ရည်သန့်သန့်သောက် သုံးခဲ့ရပုံမပေါ်ဘူး။ ဒီလိုမသန့်တဲ့ ထုတ် ဝေသူတွေနဲ့ ရှေ့လျှောက်လက်တွဲလုပ် ကိုင်နေရင် မြန်မာစာပေလောကအတွက် ရင်လေးစရာပဲ။ စာရေးဆရာတွေနဲ့ စာ ရေးဆရာတွေရဲ့ မိသားစုတွေအတွက် ပိုရင်လေးစရာကောင်းတာပေါ့။ စာရေး ဆရာမိသားစု တော်တော်များများဟာ စာရေးဆရာရဲ့ ဂုဏ်သိက္ခာနဲ့ စာမူခလေး အပေါ်မှာ အမှီပြုရှင်သန်နေကြရတာ ပါ။ ဒီအချက်ကို လစ်လျူရှုထားလို့မရပါ ဘူး။ စာရေးသူရစရာရှိတဲ့ စာမူခ နောက် နေ့သွားတောင်းတော့လည်း အပြည့်အ၀ မရခဲ့ပြန်ဘူး။ တစ်ဝက်ပဲရခဲ့တယ်။ ကျန် တဲ့တစ်ဝက်နောက်မှ လာယူပါဆိုပြန် တယ်။ ဒါဟာ မုသားသုံးလိုက်တာပါ။ မုသားသုံးတာဟာ တရားကိုသတ်တာပဲ လို့ စေတိယဇာတ်ဒေသနာမှာ မြတ်စွာ ဘုရားဟောတော်မူထားတာရှိပါတယ်။ တရားကို သတ်ရင် လူယုတ်မာပဲလို့ သိရ တယ်။ ပိုဆိုးတာက ဒီထုတ်ဝေချာတိတ် ဟာ စာပေလုပ်ငန်းကို ဟန်ပြလုပ်နေ တယ်ဆိုတဲ့အချက်ပဲ။ စာပေလောကကို အသုံးချပြီး တခြားအလုပ်တွေကို လက် တစ်လုံးခြားလုပ်နေတယ်လို့ စာရေးသူရဲ့ ငယ်သူချင်း အရာရှိတစ်ယောက်ကပြော လာတယ်။ သူက စုံစမ်းနေတာတဲ့။ ဆရာ တော် ဒီကလေးနဲ့ ကင်းကင်းနေပါလို့ လည်း သတိပေးပါတယ်။ ဒီတော့ သူတို့  တိုက်ပိုင်စာရေးဆရာအဖြစ်ကနေ နှုတ် ထွက်ကြောင်း၊ စာရေးသူရဲ့ စာအုပ်တွေ ကို ဒုတိယအကြိမ် မရိုက်ဖို့လိုကြောင်း၊ စာရေးသူရဲ့ စာမူတွေ ဖျောက်ပစ်ခြင်း၊ ဖျက်ဆီးပစ်ခြင်းတွေ လုပ်ခဲ့ရင် ယုံကြည် စွာ အပ်နှံထားတဲ့ ပစ္စည်းကို အလွဲသုံးး စားပြုလုပ်မှုနဲ့ တရားစွဲမည်ဖြစ်ကြောင်း ပြောလိုက်ရပါတယ်။ ရင်းနှီးသူတချို့က တော့ စိတ်လျှော့ပါဆရာတော်လို့ ဆိုကြ တယ်။ စိတ်မလျှော့နိုင်ပါဘူး။ စာရေးသူ တို့က လျှော့လိုက်ရင် စာရေးသူတို့လောက် မပြောရဲတဲ့ စာရေးဆရာအစဉ်အဆက် ခံရတော့မှာပဲ။ တရားဥပဒေအရလည်း ဒီကောင်တွေကို ဆုံးမရမယ်။ ပညာရှင် ဆန်ဆန်လည်း ဆုံးမရမယ်။ လာမယ့် တရားပွဲရာသီရောက်တဲ့အခါ ဓမ်္မာသန ပလ္လင်ပေါ်ကနေ ဒီမသန့်တဲ့ ထုတ်ဝေသူ တွေအကြောင်း၊ ယုတ်မာကောက်ကျစ် မှုတွေအကြောင်း ဖော်ထုတ်ပြရမယ်၊ မြတ်စွာဘုရား အင်္ဂုတ္တရ နိကာယ်မှာ ဟောတော်မူသလို ကောင်းကောင်းဆုံးမ  ပစ်ရမယ်။
အမှောင်တားတဲ့ ကလောင်သွား ဟာ ငွေကြေးဥစ်္စာထက် ပိုစွမ်းတယ်၊ ပို မြင့်မြတ်တယ်။ ကလောင်သွားကို ငွေ ကြေးဥစ်္စာက အလေးအမြတ်ပြုရတယ် ဆိုတဲ့ အကြောင်း ထုတ်ဝေသူတွေသိသွား စေရမယ်။ စကားတစ်လုံးစာတစ်ကြောင်း က ဘ၀ကောင်းအောင် ပြောင်းလဲပေး နိုင်သလို ဘ၀ဆိုးအောင်လည်း ပြောင်း လဲပေးနိုင်ကြောင်း အလေးအနက်သိစေ အပ်ပါတယ်။
မတရားမှု၊ စော်ကားမှုများကင်းဝေး ကြပါစေ။

ကျမ်းကိုး-(၁) အင်္ဂုတ္တရကာယ်။
       (၂) ဇာတကပါဋိတော်။
ရွှေစုန်းချောင်းဆရာတော်
အရှင်ဝိစိတ္ထာလင်္ကာရ

No comments:

Post a Comment