Monday, January 16, 2012

ရွှေလင်းထန်ကဗျာများ

ဆယ်နှစ်ပွဲဈေးသည်

ပိတောက်တွေက စခဲ့တဲ့ည
ခွန်နှစ်စင်ကြယ်လည်း ဝေးလိုက်နီးလိုက်နဲ့
သားချော့တေးတလှဲ့ ငိုချင်းတလှဲ့
ဟိုတုန်းကလည်း ဒီလို
ဒီညပွဲလည်း ဒီလို
ပွဲဆက်တွေသာ ပြောင်းပေမယ့် ဇာတ်တုပ်က တခုတည်း
ဒီလိုပါပဲလေ
ကိုယ်တိုင်လည်း မဟာဇနက ထုံးနှလုံးမှုလို့
ကူးဆဲ ခပ်ဆဲ.....
မေခလာကယ်မှာလား
ဝမ်းတစ်ထွာ ဆိုတဲ့ခရီးက
သင်္ဘောပျက်လို့ ချည်းနေတယ်....။

ရွှေလင်းထန်
နောက်ထပ် မေးရှိသေးတယ်ဗျ။။ ကောင်းလည်း သုံးပေါ့။

Add star 

မိုးသား

<akm.moe@gmail.com>
Sun, Jan 15, 2012 at 3:20 PM
To: "herorose.125" <herorose.125@gmail.com>
စောဥမ္မာသို့ ကဗျာတပုတ်

`ပက်လက်အိပ်ပြီး တံတွေးထွေးတယ်´ ဆိုဆို
`ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်´ ပြောပြော
ဈေးပဲဝယ်ဝယ်၊ လမ်းပဲလျှောက်လျှောက်
ဘယ်လိုအကြောင်းကြောင့် ဂျလေဘီ လို့ ထွက်ထွက်
အိမ်အပြင်ရောက်ရင်
ရေအိမ်ဝင်ချင်လို့ ၀င်လိုက်စရာ ` အိမ်သာ´ မရှိတဲ့ မြို့မှာနေတယ်...

` ဆန်ရင်းနာနာဖွက်တယ်´ ဆိုမလား
စက်မှုဇုန်ဆိုထဲ့ပြီး လျှပ်စစ်မီး လုံးလုံးမရှိတဲ့ မြို့မှာနေတယ်....

`ကျွဲပါးစောင်းတီး´ လို့ပြောရမလား
ကြိုးတရာနဲ့ ကျွဲတအုပ် သူ့အလုပ် သူလုပ်နေကြတယ်...

မြို့ပြမဆန်လည်း ပြစရာမြို့ပေါ်မှာ
ဘင်လာဒင်သိတယ်၊ ကရာဖီကြားတယ်
ဝေါစထရိတ် ငြိတယ်၊ အာရပ်နွေးဦး မြူးတယ်
အာဖရိက ဦးချိုဒေသ ထူးတယ်
နှစ်ထောင့်ဆယ့်တစ်ရဲ့ ရေးကြီးခွင်ကြယ်တွေကို
နှစ်ထောင့်ဆယ့်နှစ်မှာလည်း သူသူငါငါဖလှယ်
မျိုးစုံတဲ့ ဂျာနယ်တွေလည်း ရှိတယ်....

ဘယ်လိုလည်း စောဥမ္မာ....
ကမ္ဘာနဲ့ ယှဉ်ဘောင်တန်းပြိး လိုက်တမ်းပြေးတမ်းကစားနေသလား
ချမ်းအေးတဲ့ မနက်ခင်းတွေလည်း
ဂျင်းပမ် စိုက်ခင်းတွေထဲ နက်နေတယ်
နှစ်နံစပ်မြို့ဟာ စကားဝဲတာထက်ပိုတယ်
` ဆိုရှယ်ဆိုဒ်´ တွေထဲ ´ကလစ်´ နေကြတာလည်းရှိတယ်
တံခါးနှစ်ပေါက်နဲ့ အိမ်ဥိးက အိမ်နောက်
ဇယ်တောက်နေသူလဲ များတယ်
ဒါတင်မကဘူးပေါ့ စောဥမ္မာ.....
နှစ်ရာချီသက်တမ်းရှိတဲ့ ကုက္ကိုလ်ပင်ကြီးတွေနဲ့
ဧရာမ ကြော်ငြာဘုတ်ကြီးတွေက စီးချင်းထိုးနေကြ
နီယွန်ညဟာ ပုဂ္ဂလဆန်နေတယ်

ဟုတ်တယ် စောဥမ္မာ....
` စီးကရက်မီးတွေ ငြှီမ်းလိုက်ပါ´ ၊ `မူးရင်မမောင်းရ´
` ကွမ်းမစားရ´၊ `သတိ ကပ်မလိုက်နဲ့´
` အကြောင်းမဲ့ အလှုခံခြင်း သည်းခံပါ´၊ မူးယစ်ကင်းစင် တို့ကျောင်းတခွင်´
စသည်ဖြင့် စသည်ဖြင့်....
 မိုးမလွန်ခင် ထွန်ချတာက
မိုးလွန်မှ ထွန်ရေးငင်တာထက် ပိုကောင်းတယ်

ပိုကောင်းတယ် ဆိုတာထက်ပေါ့ စောဥမ္မာ
သွေး၇င်းသားရင်းတွေကို အဝေးက တမ်းတနေရတာထက်
ငွေမာဈေးတွေ တတွက်ထဲ တွက်နေရတာထက်
တနင်္ဂနွေနေ့တိုင်း ဖုံးတလုံးဘေးမှာ ၀ိုင်းဖွဲ့ထိုင်စောင့်နေရတာထက်
အဖိုး အဖွါးတွေကို ခေါ်လာပြီး V.Z.O ချက်နေရတာထက်
အိပ်ပျက်ညတွေ ပိုလို့သာများခဲ့
`Happy New Year..! ´ ရယ်လို့
ငါတို့မြို့က ခြောက်အိမ်မက်တွေထဲ ထထ အော်နေမိတယ် စောဥမ္မာ...။

ရွှေလင်းထန်
Reply | Reply to all | Forward | Print | Delete | Show original

No comments:

Post a Comment