Tuesday, January 31, 2012

မိသားစု ။ အောင်မှူးဝေ

မိသားစု

ကိုင်းဖျားအခုတ်ခံလိုက်ရရင်လည်း

ရေသောက်မြစ်ကနာ

ရွက်ကြွေသံကြားလည်း

ရေသောက်မြစ်ပဲဖျား

အခွံအခေါက်တွေ

အဖတ်လိုက်ကွာကျသွားတာတောင်

သွေးစည်းမှုက

ရောက်ရာအရပ်မှာမွှေးနေတုန်း။

ဘ၀ကို ဆုတစ်ခုအဖြစ်

လက်ခံရယူခဲ့တယ်ပဲဆိုပါတော့

ငယ်ဘ၀ဟာ

ကလေးတစ်ယောက်လက်ထဲက

လွတ်ကျသွားတဲ့ကစားစရာ

ဖြည့်ဆည်းခဲ့ပါတယ်

ပြည့်ပြီးကျွန်တော့်ကို မောင်းထုတ်လိုက်ချိန်အထိ။ ။



အောင်မှူးဝေ

29.1.2012

No comments:

Post a Comment