Friday, January 13, 2012

မောင်ကိုမောင်(ကလေး)..အကျိတ်ဖု

အကျိတ်ဖု

အပျက်အစီးတွေ ပြန့်ကျဲပြီး
အစည်းပျက်တွေ ကျဲပြန့်နေတဲ့နေရာ
အဲသလို အနိဋ္ဌာရုံကို ဘယ်သူခုံမင်ချင်မလဲ
ကွဲလွဲအံချော်သွားရာက
အနာမှာ တစ်ခုခုပေါက်လာတဲ့
အကျိတ်ဖုလေးတွေဟာ
ကင်ဆာအကျိတ်ဖုထက်ဆိုးတယ်
သွေးကြောမျှင်မျှင်လေးကနေ
ဦးနှောက်တွေဆီယိုစီးပြီး
အတ္တမီးတွေ ထတောက်တဲ့အထိပေါ့ ... ။

လူမျိုးတုံးပဋိပက္ခနဲ့အတ္တစစ်ပွဲေ
တွ
အိုးမဲ့အိမ်မဲ့မိဘမဲ့တွေ
ငိုသံတွေ၊ရယ်သံတွေ၊ ကြိမ်းဝါးဆူပူသံတွေ
ဖရိုဖရဲအပြိုအပျက်တွေကြား
ဆောင်းဦးရွက်ကြွေများလို
တဖြုတ်ဖြုတ်ကြွေကျသွားတဲ့
အပြစ်မဲ့လူသားတွေက
မချောမွေ့မပြေပြစ်လေတဲ့
အကျိတ်ဖုတွေရဲ့ဓားစာခံလား ...။

အနိဋ္ဌာရုံတင်းကြမ်းနဲ့
စက်ဆုပ်စရာ ဆက်တင်တွေ
အစွန်းရောက် စိတ်ရဲ့ပြေးလမ်းပေါ်
ကုထုံးမဲ့ဝေဒနာနှင်းတွေ တဖွဲဖွဲ
သွေဖည်အေးခဲနေသရွေ့
ကမ္ဘာကြီးရင်ဘတ်ပေါ်က
မြို့တွေရွာတွေ အိမ်တွေရဲ့ပြူတင်းတံခါးဆီမှာ
ချိုးငှက်တို့လာမနားနိုင်သေးဘူး ... ။

               မောင်ကိုမောင် ၊ ကလေး၊

No comments:

Post a Comment