Tuesday, January 31, 2012

အောင်မှူးဝေ(၁)


ဇာတိမြို့ည....ကဖေးက အစ
ချင်းတွင်းကို ဆန်တက်
ရှမ်းမလေးတစ်ယောက်နဲ့ချစ်မိတာက အလယ်
သမီးလေးတစ်ယောက် လိုချင်ခဲ့တာ အဆုံး
အောင်မှူးဝေဟာ
ခံစားမှုမီးခဲပြာဖုံးသတ္တ၀ါ...။

ငယ်ဘ၀.....
ခေါင်းလောင်းသံပျောက်နေတဲ့
ကျောင်းကလေးမှာစာတွေသင်
ကျောင်းနောက်ကလယ်ကွင်းပြင်ထဲကဗျိုင်းအောက်တွေ
ဘယ်ကိုပျံသန်းသွားကြသလဲ.......။

စိတ်ဝင်စားနေတဲ့ကောင်လေးတစ်ယောက်
ဆံပင်ရှည်တွေစုစည်း
မောင်ချောနွယ်ဆိုတဲ့လူကြီးကို
အားကျခဲ့တဲ့လူငယ်တစ်ယောက်
သူ့ဘ၀ပင်လယ်မှာ
အပြုံးသင်္ဘောတွေခဏခဏမှောက်ခဲ့ဖူးတယ်
သူကတော့မြို့ကလေးရဲ့ မနွေးထွေးတဲ့ တေးတစ်ပုဒ်ပါပဲ
သူသေရင်အမြန်မေ့လိုက်ကြဖို့တောင်းဆိုတယ်။     ။
 
                                                        အောင်မှူးဝေ

No comments:

Post a Comment