Wednesday, January 25, 2012


uu

ပိတောက်ပွင့်သစ်

by Hero Rose on Wednesday, January 25, 2012 at 3:07pm
(၁)
နာလံထလာတဲ့
အမှန်တရားတချို့ရဲ့တေးသွားမှာ
ဆရာသမားကြီးရေ
ခင်ဗျားလည်းအသစ်
ကျွန်တောလည်းအသစ်
ကိုပေါ်ဦးအသစ်၊ရင်နီအသစ်
ခင်ဗျားချစ်တဲ့
နှစ်ငါးဆယ်ကျော်ရေဒီယိုကြီးလည်းအသစ်ပေါ့
အခုနှစ်တွေမှာ
အပြောင်းလဲကအစ ပြောင်းလဲခဲ့ပါတယ်။
(၂)
ကျွန်တော်တို့မြတ်နိုးကြတဲ့
အမှန်တရားဆိုတာ
မြေမြှုပ်ထားလည်း
သူ့နည်း သူ့ဟန် သူ့အားမာန်နဲ့
ပေါက်ကွဲပြီးအောင်ပွဲခံမယ့်အမျိုး
သူ့လက်နဲ့
ခေတ်ကိုဖြည်ဖြည်ချရတာ မလွယ်ဘူး
အသစ်တွေကိုလှမ်းလှမ်းချည်ရတာလည်း
ခက်တယ်။
(၃)
ပြည်သူချစ်ရင်ကမ္ပည်းတင်မည်-တဲ့လား
ပြည်သူမချစ်လည်းကမ္ပည်းတင်ရတာပါပဲ
ဥပမာ-ဟစ်တလာ၊ဂိုလ်ဘဲ၊ကဒါဖီ စသဖြင့်
ခင်ဗျားကတော့ဇာတ်လိုက်ကျော်ပါပဲ
ဘယ်သူတွေဘာပြောပြော
အသစ်တွေပွင့်ပြီး
အပွင့်တွေသစ်ခဲ့တယ်
ဆရာသမားကြီးလည်း ကျန်းမာပါစေ။    ။
အောင်မှူးဝေ

No comments:

Post a Comment