Wednesday, January 11, 2012

သားအေးညကဗျာ


အနတ္တလက္ခဏာ ၀ါကျများ “
အဲဒါ ငါတို့ပြောနေကျတွေပါကွာ
သာယာတယ်၊ စည်းလုံးတယ်၊ ညီညွတ်တယ်၊ ငြိမ်တယ်၊ ငြိမ်းတယ်
ပါးစပ်ထဲမှာ ခြောက်ကပ်ကပ်ဖြစ်မနေဘူးလား
ပေါင်မုန့်လေးကို ချိ(စ်) တို့ပြီးစားသလို
ငြိမ်းချမ်းတယ်ဆိုတာ မင်းတို့ တစ်ခုခုနဲ့ တို့စားကြည့်ပါဦးကွာ
အဲဒီဝေါဟာရကိုပြောလိုက်တိုင်း
ငါတော့ လက်ဖက်ရည်သောက်ချင်တယ်၊ ဆေးလိပ်မီးခိုးငွေ့ကို
အဆုပ်ထဲ ရှိုက်ချလိုက်ချင်တယ်၊
တော်လ်စတွိုင်းရဲ့ အကြီးဆုံးစာအုပ်ကိုဖတ်ဖူးတော့
ငါ့အသက် ဆယ့်ငါးနှစ်၊ ငါ့ကျောမှာ ၀ဲစိုတွေ ပေါက်တာကို
တော်လ်စတွိုင်းလည်း မတတ်နိုင်ဘူး။
ကောင်းကင်ကို မော့ကြည့်ပြီး မိုးရွာမယ် မရွာဘူး
မပြောတတ်ပဲ ၊ ဒီစကားလုံးကို ပြင်ကွာ၊
၉၉- ရာခိုင်နှုန်းမှာမှ လူသားလို့
ငါ့ရွာသားက ပြောဖူးတယ်၊
အဲသလို ကြီးကြီးကျယ်ကျယ်
ကုလားထိုင်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်ပြီး ငါ မှ ငါ
အေးလေ မင်းနဲ့တူအောင် မှားတတ်တဲ့လူလည်း
ကမ္ဘာကြီးထဲမှာ မရှိသေးပဲ မင်း ငါမယ်ဆိုလည်း ငါပေါ့
သေချာတာတစ်ခု အဲဒါလည်း
အနတ္တလက္ခဏာ ၀ါကျ အစုပဲ။ ။
သားအေးည
( ဦးဇင်း အောင်မှူးဝေအတွက် )

No comments:

Post a Comment