Saturday, January 28, 2012

မောင်ကိုမောင်(ကလေး)-အငြိမ့်ပွဲ







ခွန်းတောက်သဖြန်တွေနဲ့
လွမ်းလောက်အောင်ဖန်နေလည်း
လာထား လာထား ပြီးပြီလား
ပြီးရင် လက်ရှောင် ပေါက်ကောင်ဖွင့်မယ်
ပေါက်တဲ့အကောင်တွေ ပေါက်ပြီးပေါ့....။

ကောက်သင်းကောက်တွေ အနှံကြီးကြိုက်တာ
ဆန်းသလား...
ဆန်းတယ်ဆိုတာကတည်းက မရိုးတော့တာ
အထာကျက်စမ်းပါကွာ
အစာတွေ ထွက်ကုန်ရင်မကောင်းဘူး...။

လူတွေများပြောပါတယ်...
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ စတားဖြစ်ခဲ့တဲ့
ရေဘ၀ဲပေါလ်ကို ဂျာမနီပြည်သားတို့က
စွပ်ပြုတ်လုပ်စားချင်သတဲ့ . . .
ပြောစမှတ်ကို ဖြစ်လို့ . . .။
တစ်ချက် တတစ်ချက် အငြိမ့်စင်ဘက်က
သဲ့သဲ့လေး ထွက်လာတဲ့ သီချင်းသံမှာ
မီးရောင်အောက်က အကိုတို့ဇာတ်လမ်း ရပ်တန်းက ရပ်
အဲ့သလို လွင့်ပျံဖြတ်သွားတယ်.
လောဘက အတောမသတ်နိုင်သေးဘူး။
ရနိုးနိုးမျှော်လင့်ချက်နဲ့
တစ်လက်ပြီးတစ်လက်...
လောဘရမ္မက်တွေဖုံးနေတော့
တွေးခေါ်မှုတွေ ချွတ်ချော်သွားတဲ့အဆုံးမှာ
ကိုယ့်ပါလာတဲ့ ပစ္စည်းချွတ်ပေါင်ရာက . . .
ပြည့ဖုံးကားချတဲ့ကြိုးစကို
ကိုယ်တိုင်ဖြည်ချလိုက်ရသလို အဖြစ် . . . ။  ။
                             
       မောင်ကိုမောင် (ကလေး)



No comments:

Post a Comment